/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာကြောင့်-သွေးပေါင်ကျရတာလဲ။

ဘာကြောင့် သွေးပေါင်ကျရတာလဲ။

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတွေက သွေးတိုးရောဂါကိုပဲ ကြောက်ကြပြီး သွေးပေါင်ကျတာကိုတော့ သိပ်ပြီးစိတ်ပူလေ့မရှိကြပါဘူး။

ပုံမှန်သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ ပတ်ဝန်းကျင်ရှိရမှာဖြစ်ပြီး ၉၀/၆၀ အောက်ဆိုရင်တော့ သွေးပေါင်ကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သွေးပေါင် အရမ်းကျတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေဆီ အောက်ဆီဂျင် အလုံအလောက် မရောက်ဘဲ ဖြစ်တတ်ပါတယ်။

 

>>  သွေးပေါင်ကျတဲ့ လက္ခဏာတွေကတော့ -

●  ခေါင်းမူးတာ

●  စိတ်အာရုံ မစူးစိုက်နိုင်တာ

●  မူးဝေ ပျို့အန်တာ

●  အသားတွေ အေးစက်ဖြူဖျော့လာတာ

●  အသက်ရှူမြန်တာ

●  ပင်ပန်းနွမ်းနယ်တာ

●  စိတ်ဓာတ်ကျတာ

●  ရေငတ်တာ

●  သတိလစ်တာ စတာတို့ ဖြစ်ပါတယ်။

 

>>  ဘာကြောင့် သွေးပေါင်ကျတာလဲ

နောက်ခံအကြောင်းရင်းမရှိဘဲ သွေးပေါင်ကျတတ်သလို အချို့သောအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

●  ဆေးတွေ

သွေးတိုးလို့ သောက်ရတဲ့ သွေးပေါင်ကျဆေးတွေ၊ နှလုံးရောဂါဆေး၊ စိတ်ကျန်းမာရေးဆေး၊ အမျိုးသားရောဂါအတွက် သောက်ရတဲ့ဆေးတွေ ဖြစ်ပါတယ်။ တခြားအပြင်ဆေးဆိုင်မှာ လွယ်လွယ်ကူကူ ဝယ်သောက်လို့ရတဲ့ ဆေးတချို့ဟာလည်း သွေးတိုးကျဆေးနဲ့ တွဲသောက်ရင် သွေးပေါင်ကျတတ်ပါတယ်။

 

●  ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါမျိုး

ထိုင်ရာကနေ ဒါမှမဟုတ် အိပ်နေရာကနေ ရုတ်တရက် ထလိုက်ရင် သွေးပေါင်ကျသွားတတ်ပါတယ်။ ဒီအခါ မူးတာ၊ အမြင်အာရုံ ဝေဝါးတာ၊ မူးလဲတာမျိုး ဖြစ်တတ်ပါတယ်။

 

●  နှလုံးနဲ့ ပတ်သက်တဲ့ပြဿနာ

နှလုံးခုန်သံနှေးတာ၊ နှလုံး ရုတ်တရက် ထဖောက်တာ၊ နှလုံးက ကောင်းကောင်း အလုပ်မလုပ်တော့တာတွေကြောင့် ဖြစ်ပါတယ်။

 

●  ရေဓာတ်ခန်းခြောက်တာ၊ သွေးလန့်တာ၊ ဆီးချိုရောဂါ ဆိုးလာတာ၊ လည်ပင်းကြီးရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။

 

●  သွေးပေါင်ကျခြင်းဟာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။

 

>>  ပုံမှန်ကို သွေးပေါင်အမြဲ ကျနေတတ်တဲ့လူလည်း ရှိပါတယ်။

●  ကိုယ်ဝန်ဆောင်တွေ

●  ရောဂါပိုး ဆိုးဆိုးရွားရွားဝင်တဲ့အခါ

●  ဓာတ်မတည့်တာ ဖြစ်တဲ့အခါ

●  သွေးအားနည်းရောဂါ ဆိုးရွားရင်

●  ဟော်မုန်းရောဂါတွေ

●  သွေးထွက်များရင် (အူလမ်းကြောင်းက သွေးထွက်တာဖြစ်ဖြစ်၊ ဒဏ်ရာရလို့ သွေးထွက်ရင်ဖြစ်ဖြစ် သွေးပေါင်ကျတတ်ပါတယ်)

 

>>  ဘယ်လိုကုသကြမလဲ?

သွေးပေါင်ကျပြီး တခြားလက္ခဏာမပြတဲ့ နဂိုကျန်းမာရေး ကောင်းတဲ့လူဆိုရင် အထူးတလည် ကုသစရာ မလိုပါဘူး။ အမြဲတမ်း သွေးပေါင်ကျနေတတ်ပြီး လက္ခဏာပြနေရင်တော့ ဆေးသောက်တာ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းတာတွေနဲ့ ကုသလို့ ရပါတယ်။

 

>>  ဒီနည်းလမ်းတွေကလည်း အကူအညီ ဖြစ်ပါတယ်။

●  ရေများများသောက်ပါ၊

အရက်မသောက်ပါနဲ့၊ အရက်က ရေဓာတ်ခန်းခြောက်စေပြီး ဆေးတွေရဲ့ အာနိသင်ကိုလည်း ပြောင်းလဲစေပါတယ်။

ထိုင်ရာက ထတာ၊ လှဲရာက ထတဲ့အခါ ဖြည်းဖြည်းချင်း လှုပ်ရှားပါ။

 

Dr. Htar (www.drmyanmar.com)