/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာနံ့မှခံလို့-မရတော့ဘူးလား၊-ဒါဆိုရင်-b12-ဘီတွဲ-ချို့တဲ့တာ

ဘာနံ့မှခံလို့ မရတော့ဘူးလား၊ ဒါဆိုရင် B12 (ဘီတွဲ) ချို့တဲ့တာ ဖြစ်နိုင်တယ်နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗီတာမင် B12 ဆိုတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ် အတော်များများမှာ အရေးပါပြီးတော့ သူ ချို့တဲ့တယ်ဆိုရင် နှလုံး၊ လှုပ်ရှားမှု စတာတွေ အပါအဝင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်စေနိုင်လို့ B12 ချို့တဲ့တဲ့လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။

          ဗီတာမင် B12 က အစားအစာကနေပြီးတော့ အဓိက ရရှိပါတယ်။ B12 ချို့တဲ့ပြီဆို၇င် သွေးနီဆဲလ်တွေက ပုံမှန်မဟုတ်ဘဲ အရမ်းကြီးသွားပြီးတော့ သက်တမ်းကြာကြာ မခံပါဘူး။ မကုသဘဲထားရင် အမြင်အာရုံပြဿနာတွေနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုတွေကို ဆုံးရှုံးနိုင်တဲ့အတွက်ကြောင့် မှန်ကန်တဲ့ကုသမှုရရှိဖို့ အရေးကြီးပါတယ်။

 

>>    ဗီတာမင် B12 ချို့တဲ့သော လက္ခဏာတွေကတော့ -

          B12 ပြင်းထန်စွာချို့တဲ့ရင် ခန္ဓာကိုယ်တစ်လျှောက်မှာရှိတဲ့ အာရုံကြောတွေ ပျက်စီးပြီးတော့ အနံ့ခံအာရုံ ပျောက်သွားပါတယ်။ ပြီးတော့ ထုံကျဉ်တာတွေနဲ့ အရေပြားကို ပင်အပ်နဲ့ ထိုးသလို ခံစားရစေပါတယ်။

        တခြားလက္ခဏာတွေကတော့ -

●        အလွန်ပင်ပန်းနွမ်းနယ်ခြင်း

●        လေ့ကျင့်ခန်း နည်းနည်းလေးလုပ်ရုံနဲ့ အသက်ရှူမြန်ပြီး မောခြင်း

●        နှလုံးတုန်ခြင်း

●        ခေါင်းကိုက်ခြင်း

●        စားချင်သောက်ချင်စိတ်ကျခြင်း

●        ပါးစပ်နဲ့ လျှာမှာ အနာပေါက်ခြင်း

          နေ့စဉ်အစားအစာထဲမှာ ဗီတာမင် B12 လိုအပ်သလောက် ထည့်စားမယ်ဆိုရင် ဒီလက္ခဏာတွေ ပျောက်သွားပါလိမ့်မယ်။

 

>>    ဘယ်အစားအစာတွေမှာ ဗီတာမင် B12 ကြွယ်ဝသလဲ?

●        ကြက်ဥ - ကြက်ဥကြီးကြီးတစ်လုံးမှာဆိုရင် B12 0.6 mcg ပါဝင်ပါတယ်။

●        အဆီနည်းတဲ့နို့ - နို့တစ်ခွက်မှာ B12 1.2 mcg ပါဝင်ပါတယ်။

●        ပေါင်သား - ၃ ပေါင်စမှာ B12 0.6mcg ပါဝင်ပါတယ်။

●        B12 ထည့်သွင်း ပြုလုပ်ထားတဲ့ ကောက်ပဲသီးနှံ - တစ်ခွက်မှာ B12 6mcg ပါဝင်ပါတယ်။

          အသက် 19 နှစ်နဲ့ 64 နှစ်အရွယ်ကြား အရွယ်ရောက်ပြီးသူတွေမှာ တစ်နေ့ကို B12 1.5 mg လိုအပ်ပါတယ်။ ဒီတော့ အသားတွေ၊ ငါး၊ နို့ထွက်ပစ္စည်းတွေကို စားမယ်ဆိုရင် ဗီတာမင် B12 လုံလောက်စွာ ရနိုင်ပါတယ်။

          ဒါပေမဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန် စတာတွေထဲမှာ ဗီတာမင် B12 မပါတဲ့အတွက် အသီးအရွက်ပဲ စားတဲ့သူတွေမှာ B12 အလုံအလောက် မရနိုင်ပါဘူး။

 

>>    အသီးအရွက်ပဲ စားတဲ့သူတွေအတွက် ဗီတာမင် B12 ကို ရနိုင်တဲ့ အစားအစာတွေကတော့ -

●        Shiitake mushroom - နေ့စဉ်လိုအပ်တဲ့ b12 ပမာဏ ပြည့်မီဖို့အတွက် shiitake မှိုခြောက် 50 g လောက် စားပေးဖို့ လိုပါတယ်။

●        ပဲနို့ - ပဲနို့ ၈ အောင်စက B12 3 mg နဲ့ ညီမျှပါတယ်။

          အစားအစာတွေကနေ မရနိုင်ဘူးလို့ ထင်တဲ့သူတွေက B12 ကို ဆေးအနေနဲ့ သောက်ချင်ကြပါတယ်။ သောက်တဲ့အခါမှာ အရမ်းအလွန်အကျွံ မသောက်ပါနဲ့။ တစ်နေ့ကို B12 2mg နဲ့အောက် သောက်တာက အန္တရာယ်မရှိပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)