ဘာဖြစ်လို့ ရင်ပူရတာလဲ
ရင်ပူခြင်းဆိုတာ ရောဂါတစ်ခုမဟုတ်ဘဲ အစာအိမ်ရှိ အက်ဆစ်များ အစာရေမျိုသို့ ဆန်တက်သောရောဂါရဲ့ လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။
>> ရင်ပူခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများ
အစာရေမျိုရဲ့ အောက်ဘက်ကို ကာရံထားသော ကြွက်သားငယ်ဟာ အစာအိမ်ကနေ အပေါ်ရှိ အစာရေမျိုသို့ အက်ဆစ်များ ဆန်တက်ခြင်းမရှိစေဖို့ တံခါးအဖြစ် တားမြစ်ပေးပါတယ်။ ထိုကြွက်သားငယ် ကောင်းစွာ အလုပ်မလုပ်နိုင်ပါက အဖုံးမလုံသကဲ့သို့ဖြစ်ပြီး အစာအိမ်ရှိ အက်ဆစ်တွေ အစာရေမျိုသို ဆန်တက်လာတာ ဖြစ်ပါတယ်။
ထို့ပြင် ဆေးလိပ်နှင့် အရက်သောက်သူများ၊ အကိုက်အခဲပျောက်ဆေး မကြာခဏသောက်သူများ၊ ဆီကြော်စာများနှင့် အစပ်အစားများသူများ၊ အဝလွန်သူများ၊ ကိုယ်ဝန်ဆောင်များတွင်လည်း အက်ဆစ်များ အထက်သို့ဆန်တက်နှုန်း မြင့်မားစေပြီး ရင်ပူစေပါတယ်။
ကုသနည်းများကတော့ - စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့်အတူ အစာအိမ်ရှိအက်ဆစ်များကို ချေဖျက်ပေးသောဆေးများကို သောက်သုံးခြင်းကို တွဲဖက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲမှုအနေနှင့် -
● ဆေးလိပ်ဖြတ်ခြင်း
● အရက်လျှော့သောက်ခြင်း
● ကိုယ်အလေးချိန်ကျအောင် ကြိုးစားခြင်း
● ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
● ဆီကြော်စာများနှင့် အပူအစပ်များရှောင်ခြင်းတို့ကို လိုက်နာရမှာ ဖြစ်ပါတယ်။
အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှုကို လျှော့ချပေးသော အစာအိမ်ဆေးများသောက်ခြင်း၊ အက်ဆစ်များကို ချေဖျက်ပေးသော လေဆေးများ သောက်ခြင်းတို့ဖြင့် အက်ဆစ်များကို လျော့ကျစေပြီး ရင်ပူခြင်းကို သက်သာစေပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























