ဘာလို့ ခဏခဏ ခေါင်းကိုက်နေတာလဲ
သင်ဟာ ခေါင်းမကြာခဏ ကိုက်တတ်တဲ့သူလား။
ဒါဆိုရင်တော့ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ လူ ၁၀ ယောက်မှာ ၉ ယောက်က မကြာခဏ ခေါင်းကိုက်လေ့ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် ခေါင်းကိုက်တဲ့ပုံစံတွေကလည်း မတူညီကြပါဘူး။
သင်ရော ခေါင်းကိုက်ရင် ဘာတွေလုပ်လေ့ရှိလဲ။ လှဲနေလိုက်လား။ ဒါမှမဟုတ် ပါရာစီတမော ပါဝင်တဲ့ အကိုက်အခဲ ပျောက်ဆေးသောက်ပြီးရင် သက်သာသွားတတ်လား။ ဒါတွေအပြင် ခေါင်းကိုက်သက်သာအောင် တခြားလုပ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။
Bio Adult 1

>> ခေါင်း ဘာကြောင့် ကိုက်ရတာလဲ?
● ခေါင်းကိုက်စေတဲ့အရာတွေကတော့ အများကြီး ရှိပါတယ်။ အစားအသောက်ကြောင့်၊ ပတ်ဝန်းကျင်ကြောင့် (အလင်းရောင်၊ အသံ၊ စိတ်ဖိစီးမှု)၊ ကိုယ့်ရဲ့ အမူအကျင့်တွေကြောင့် (ညဘက်အိပ်မပျော်တာ၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာ၊ သွေးတွင်းသကြားဓာတ် တက်တာ၊ ကျတာ) စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ကပဲ ရောဂါကြောင့် ဖြစ်တတ်ပြီး ကျန်တာကတော့ ရောဂါမဟုတ်ဘဲ ခေါင်းကိုက်ခြင်း သပ်သပ်ပဲ ဖြစ်ပါတယ်။
● ခေါင်းကိုက်တာ တော်တော်များများဟာ လည်ပင်းနောက်ဘက်က ကြွက်သားတွေ တောင့်တင်းနေတာနဲ့လည်း တွဲလာတတ်ပါတယ်။ ဒါဟာ ပုံစံတစ်မျိုးထဲနဲ့ အကြာကြီးနေတာ ဥပမာ - ကွန်ပျူတာ၊ ဖုန်း၊ TV screen စတာတွေကို အကြာကြီး ကြည့်နေတာနဲ့ အများကြီး သက်ဆိုင်ပါတယ်။
Bio Adult 2

>> ဘာလုပ်လို့ရလဲ?
● ကွန်ပျူတာကြည့်တာ၊ စာကြည့်တာ၊ အဝတ်ချုပ်တာ ဘာကိုပဲဖြစ်ဖြစ် အကြာကြီး အာရုံစိုက်နေပြီဆိုရင် မိနစ် ၂၀-၃၀ တစ်ခါ အနားပေးပါ။ ခေါင်းနဲ့ လည်ပင်းကို အကြောဖြေလျော့ပေးပါ။ လေ့ကျင့်ခန်း လုပ်ပေးပါ။
● ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ မကြာခဏ တစ်ဒုတ်ဒုတ်နဲ့ ထိုးပြီး ခေါင်းကိုက်တတ်သူမျိုးဆိုရင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေကို ရှောင်ပါ။ ဒီတိုင်း လမ်းလျှောက်တာမျိုး၊ ပေါ့ပေါ့ပါးပါး အေရိုးဗစ် ဆော့တာလောက်ပဲပေါ့။
● အံကြိတ်တာကို ရှောင်ပါ။ အစားဝါးတဲ့အချိန်က လွဲပြီး ကျန်တဲ့အချိန်မှာ အပေါ်သွားနဲ့ အောက်သွားကို မထိထားသင့်ပါဘူး။ မေးရိုးကို ဆက်ထားတဲ့ အဆစ်လေးကို ဖိအားပေးသလိုဖြစ်ပြီး ခေါင်းကိုက်စေတတ်ပါတယ်။
● တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက် အနည်းဆုံး သောက်ပါ။ ရေဓာတ် ခမ်းခြောက်တာကလည်း ခေါင်းကိုက်စေတတ်ပါတယ်။
Dr. Htar (www.drmyanmar.com)






























