/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာလို့-တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတာလဲ

ဘာလို့ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အ​အေးမိတဲ့အချိန်​မှာ ဘာလို့တစ်​ကိုယ်​လုံး ​ညောင်​းညာကိုက်​ခဲတတ်​လဲ သိပါသလား?

တကယ်​​တော့ ​ရောင်​ရမ်​းမှု​ကြောင်​့ဖြစ်​တာပါ။ ခန္ဓာကိုယ်​ကို ​ရောဂါပိုးတစ်​ခုခုဝင်​တဲ့အချိန်​ ​ရောင်​ရမ်​း​စေတဲ့ပစ္စည်​း​တွေက ပိုးကို တိုင်​ထုတ်​ဖု့ိ့ထွက်​လာကြတယ်​။ ဒီအချိန်​မှာ ဖျားပြီးတစ်​ကိုယ်​လုံးကိုက်​ခဲနုံးချိ​တော့တာ​ပေါ့။

 

လှုပ်​ရှားမှု​တွေနဲ့ ဖိစီးမှု​တွေကလည်​း ကိုက်​ခဲ​စေတတ်​တာပဲ။

 

ကိုယ်​ခန္ဓာ​ညောင်​းညာကိုက်​ခဲ​စေတတ်​တဲ့အ​ကြောင်​းရင်​း​တွေက​တော့ အများကြီးပါပဲ။

 

ဒါ​ကြောင်​့ အသက်​မကြီး​သေးဘဲ ဒီလိုကိုက်​ခဲ​ညောင်​းညာ​စေတတ်​တဲ့အ​ကြောင်​းရင်​း​တွေကို တစ်​ချက်​​လောက်​ကြည်​့ ကြည်​့ရ​အောင်​။

Bio Adult 1

1. အ​အေးမိတုပ်​​ကွေးဝင်​​နေတာများလား?

 

လည်​​ချောင်​းနာတာ တုပ်​​ကွေးမိတာ​တွေ​ကို့ ခုခံအားစနစ်​က Interferon လို့​ခေါ်တဲ့ ပစ္စညး်​​တွေထုတ်​ပြီး တိုက်​ထုတ်​တဲ့အခါမှာ ​ရောဂါပိုး​တွေ​သေရုံမကဘူး။ တစ်​ကိုယ်​လုံးပါနာကျင်​ကိုက်​ခဲလာတတ်​တယ်​။ ပြီး​တော့ တစ်​ကိုယ်​လုံးကအားအင်​​တွေထုတ်​ပြီး ​ရောဂါပိုးကို တိုက်​ထုတ်​​နေတာဖြစ်​လို့ နုံးချိပြီး​နေတတ်​တာပါ။

 

နာကျင်​ကိုက်​ခဲတာ​တွေသက်သာ​အောင်​ အကိုက်​အခဲ​ပျောက်​​ဆေး​လေး​သောက်​၊ ​ကောင်​း​ကောင်​းနား​ပေးပါ။

 

2. Mononeucleosis ဆိုတဲ့​ရောဂါပိုးဝင်​ရင်​လည်​း ဖြစ်​တတ်​တယ်​​နော်​

 

Epstein-Barr ဗိုင်​းရပ်​စ်​ပိုး​ကြောင်​့ ဖြစ်​တတ်​ပြီး လူငယ်​လူရွယ်​​တွေမှာ အဖြစ်​များတယ်​။ တံ​တွေးက​နေ ကူးတတ်​တဲ့​ရောဂါတစ်​မျိုးပါ။ ဒီပိုးဝင်​ရင်​ နုံးချိပြီး လည်​​ချောင်​းနာ၊ အဖျားဝင်​ပြီး လင်​့​ကြောဂလင်​း​တွေ ​ရောင်​လာတတ်​တယ်​။ ပိုးဝင်​တာဆို​တော့ အ​ပေါ်မှာ​ပြောခဲ့တဲ့ အ​အေးမိတာလိုပဲ ​ရောင်​ရမး်​တုန်​့ပြန်​တာ​တွေ ဖြစ်​တတ်​တယ်​။

 

​ဒါဖြစ်​ရင်​လည်​း ​ကောင်​း​ကောင်​းနား၊ ​ကောင်​း​ကောင်​းစားပြီး အကိုက်​အခဲနဲ့အဖျားကျ​ဆေး​လေး ​သောက်​ပါ။ ထူးထူးခြားခြား​ပေးစရာ​ဆေးမရှိဘူး။

 

3. လေ့ကျင်​့ခန်​းလုပ်​တာများသွားလို့လည်​းဖြစ်​နိုင်​တယ်​

 

​လေ့ကျင်​့ခန်​းအသစ်​အဆန်​းတစ်​ခုခုစမ်​းလုပ်​ကြည်​့တဲ့အခါ လုပ်​ပြီးချိန်​၁ရက်​၂ရက်​အတွင်​းမှာ နာကျင်​ကိုက်​ခဲလာတတ်​တယ်​။ ကြွက်​သား​တွေ​ရောင်​သွားတာ၊ နည်​းနညး်​ပြဲသွားတာ​တွေ​ကြောင်​့ ဖြစ်​တတ်​တယ်​။

 

ဘာမှစိုးရိမ်​စရာ​တော့မရှိဘူး။ ရက်​ပိုင်​းအတွင်​း ပြန်​​ကောင်​းသွားလိမ်​့မယ်​။

Bio Adult 2

4. ကိုယ်​ခန္ဓာအစိတ်​အပိုင်​းတစ်​ခုတည်​းကိုပဲ ထပ်​ခါထပ်​ခါသုံး​နေမိတာမျိုးရှိလား?

 

​လေ့ကျင်​ခန်​းလုပ်​တဲ့အခါမှာပဲဖြစ်​ဖြစ်​၊ စာရိုက်​တာပဲဖြစ်​ဖြစ်​၊ အစိတ်​အပိုင်​းတစ်​ခုတည်​းကိုပဲ ထပ်​ခါထပ်​ခါ လုပ်​​နေတဲ့အခါ ကြွက်​သား​တွေ၊ အရွတ်​​တွေ​ရောင်​လာပြီး နာလာ​စေတယ်​။ နာတဲ့အပြင်​ လှုပ်​ရှားရတာပါ မ​ကောင်​း​တော့ဘူး။

 

​လေ့ကျင်​ခန်​း​တွေလုပ်​၊ ငြိမ်​​အောင်​အထိန်​းတပ်​ပြီး လုပ်​တာက ပုံမှန်ပြန်​ဖြစ်​​စေနိုင်​တယ်​။

 

5. စိတ်​ဖိစီးမှု​ကြောင်​့လည်​း ဖြစ်​တတ်​သတဲ့။

 

စိတ်​ဖိစီးမှုများလာရင်​ ခန္ဓာကိုယ်​က cortisolဆိုတဲ့ ဖိစီးမှု​ဟော်​မုန်​းထွက်​တယ်​။ ဒီ​ဟော်​မုန်​းက ခဏပဲဆို ကိစ္စမရှိဘူး။ ကြာလာရင်​ ​ရောင်​ရမ်​းတာ၊ နာကျင်​တာ၊ နံးချိတာ​တွေ ဖြစ်​လာနိုင်​တယ်​။ ဒါတင်​မက စိတ်​ဖိစီးတဲ့ခါ ကိုယ်​ပါအားအင်​​လျော့နည်​းပြီး​တော့ ပိုး​တွေပိုဝင်​လာနိုင်​တယ်​။

 

အသက်​ရှူ ​လေ့ကျင်​ခန်​းလုပ်​တာ၊ တရားထိုင်​တာ၊ လမ်​း​လျောက်​တာ၊ ​ရေ​နွေးပူပူနဲ့​ရေချိုးလိုက်​တာ စသဖြင်​့ စသဖြင်​့ စိတ်​ဖိစီးမှုနည်​း​စေမယ်​့ နညး်​း​လေး​တွေ ကြိုးစားကြည်​့​ပေါ့။ ဒီလိုဆို သက်​သာသွားမှာပါ။

 

6. အိပ်​​ရေးဝဖို့လည်​း ​လို​သေးတယ်​​နော်​

 

လူ​တွေက ​အိပ်​​ရေးဝဝအိပ်​တာရဲ့ ​ကောင်​းကျိုးကို ​လျော့တွက်​ကြတယ်​။ အထူးသဖြင်​့ အသက်​၅၀​ကျော်​​တွေမှာ ညဘက်​ခဏခဏနိုးတာ၊ အိပ်​မ​ပျော်​တာ​တွေ​ကြောင်​့ အိပ်​​ရေးမဝတဲ့အခါ တစ်​ကိုယ်​လုံးနုံးချိ​ညောင်​းညာ​နေတတ်​တယ်​။

 

7. လှေးကိုက်​တာ​ကြောင်​့လည်း ဖြစ်​တတ်​တယ်​

 

​လှေးလို​အ​ကောင်​သေး​သေး​လေး​တွေ​ကြောင်​့လည်​း ဒီလိုဖြစ်​တတ်​တယ်​ဆိုတာ အံ့သြစရာပဲ​နော်​။ ​လှေး​ကောင်​​လေး​တွေမှာ Borrelia burgdorferi ဆိုတဲ့ဘတ်​တီးရီးယားပိုးပါ​လို့ ဖြစ်​တတ်​တာပါ။ ​စော​စောသာသိရင်​ သိပ်​မဆိုးဘူး။ နာကျင်​ကိုက်​ခဲတဲ့အပြင်​ ဖျားနာတာ၊ ချမ်​းတုန်​တာ၊ ​ခေါင်​းကိုက်​တာ၊ နုံး​နေတာ၊ နွားမျက်​စိလိုအနီကွက်​ကြီး​တွေနဲ့ လာတတ်​​သေးတယ်​။ ဒီလက္ခဏာ​တွေလည်​း ရှိ​နေတယ်​၊ ​လှေးကိုက်​လည်​း ခံဖူးရင်​ ထည်​့စဉ်​းစားသင်​့တာ​ပေါ့။

 

ဒီ​ရောဂါလို့ထင်​ရင်​ အမြန်​ဆုံး​ဆေးကုသမှုခံရမယ်​။ ကြာသွားရင်​ ပိုဆိုးလာပြီး နှလုံး​ရောဂါ​တွေ၊ အဆစ်​အရမ်​းနာတာ​တွေ ဖြစ်တတ်​တယ်​။ ဒါ​ကြောင်​့ စစ်​​ဆေးကြည်​့လိုက်​လို့ ပိုး​တွေ့ရင်​ ပိုးသတ်​​ဆေး​သောက်​ဖို့လိုတယ်​။

 

8. အဆစ်​​ရောင်​​နေတာလည်​း ဖြစ်​နိုင်​တာပဲ။

 

အဆစ်​​ရောင်​တယ်​ဆိုလု့ိ အသက်​ကြီးမှ ဖြစ်​မယ်​မထင်​လိုက်​နဲ့။ အဆစ်​​ရောင်​တယ်​ဆိုတာ အများကြီးဖြစ်​နိင်​တယ်​။ ​သွေး​လေးဘက်​နာ​တွေ၊ psoriatc arthritisလို့​ခေါ်တဲ့ အ​ရေပြား​ရောဂါနဲ့တွဲတဲ့ ​လေးဘက်​နာ​တွေဆိုတာ ကိုယ်​ခံအားစနစ်​က က​မောက်​ကမဖြစ်​သွားပြီး ကိုယ်​့ရဲ့​ကောင်​းတဲ့ဆဲလ်​တစ်​ရှူး​တွေကို ကိုယ်​့ဟာကိုယ်​ပြန်​တိုက်​​နေမိလိ့ု ဖြစ်​တဲ့​ရောဂါ​တွေပါ။ ဒီ​ရောဂါ​တွေမှာ ​ရောင်​ရမ်​းမှု​တွေဖြစ်​လာပြီး နာကျင်​​တောင်​့တင်​းလာတာ၊ အထူးသဖြင်​့ နားလိုက်​မိရင်​ ပို​တောင်​့တာ၊ မနက်​အပိရာနိုးရင်​ ​၁နာရီ​လောက်​​တောင်​့​နေလို့ လှုပ်​မရတာမိျုး​တွေ ဖြစ်​တတ်​တယ်​။ အဆစ်​တစ်​ဝိုက်​မှာ နာတာ၊ ​ရောင်​တာ၊ နီတာ​တွေလည်​း ​တွေရလိမ်​့မယ်​။

 

​ရောဂါ​ပေါ်မူတည်​ပြီး​တော့ ကုတာမတူလို့ ဆရာဝန်​နဲ့ ​သေချာပြရမယ်​။ ​နေထိုင်​မှုပုံစံ​ပြောင်​းတာတို့၊ အကိုက်​အခဲ​ပျောက်​​ဆေး​သောက်​တာတို့၊ အဆစ်​​တွေမ​ကောက်​​ကွေး​သွား​အောင်​ပြုပြင်​​ပေးတဲ့ ခုခံအားကျ​ဆေး​တွေ​သောက်​တာတို့ လုပ်​ရနိုင်​တယ်​။

 

9. Fibromyalgia လို​ခေါ်တဲ့​ရောဂါဖြစ်​​နေလားဆိုတာ ထည်​့စဉ်​းစားဖိ့လိုမယ်​

 

အဖြစ်​များတဲ့​ရောဂါတစ်​ခုပါပဲ။ ဒီ​ရောဂါမှာ ဦး​နှောက်​ကနာကျင်​မှုလှုံ​ဆော်​ချက်​​တွေကို ပုံမမှန်​ထုတ်​လွှတ်​​နေပြီး နာကျင်​ခံစားမှုကို ပိုဆိုး​စေနိုင်​တယ်​။ သူ့အလိုလိုနာ​နေတာလည်​း ရှိသလို၊ ခွဲစိတ်​မှု၊ ​ရောဂါပိုးတစ်​ခုခု​ကြောင်​့လည်​း နာလာတတ်​ကြတယ်​။ တစ်​​ယောက်​နဲ့တစ်​​ယောက်​ နာပုံမတူကြဘူး။ ဒီ​ရောဂါရှိတဲ့လူအများစု( များ​​သောအားဖြင်​့ အမျိုးသမီ​း​တွေ)မှာ အမြဲတမ်​းနုံး​နေတာမျိုးလည်​း ဖြစ်​တတ်​​သေးတယ်​။

 

10. အ​ရေပြား​လေးဘက်​နာကိုလည်​း မ​မေ့သင်​့ဘူး​နော်​

 

အဖြစ်​များတဲ့​ရောဂါတစ်​ခုဖြစ်​လာတဲ့ အ​ရေပြား​လေးဘက်​နာဟာ ဖြစ်​လိုက်​​ပျောက်​လိုက်​နဲ့ အဆစ်​အမြစ်​​တွေနာတတ်​ပြီး တစ်​ခြားအစိတ်​အပိုင်​း​တွေကိုလည်​း ထိခိုက်​တတ်​တယ်​။ နုံး​နေတာ၊ ​ခေါင်​းကိုက်​တာ၊ ပါးနှစ်​ဖက်​နဲ့နှာ​ခေါင်​းမှာ လိပ်​ပြာပုံအနီကွက်​ကြီးဖြစ်​လာတာ၊ ဆံပင်​ကျွတ်​တာ၊ အရမ်​း​အေးလာရင်​ လက်​​ချောင်​း​ခြေ​ချောင်​းအ​ရောင်​​ပြောင်​းတဲ့ Raynaud’s phenomenon​​တွေပါ တွဲဖြစ်​တတ်​တယ်​။ အ​ရေပြား​လေးဘက်​နာ​ကြောင်​့ ​ခြေလက်​နှစ်​ဖက်​လုံး တစ်​ပြိုင်​နက်​နာတာဟာ ​သွေး​လေးဘက်​နာလိုမျိုးထက်​စာရင်​ ပိုပြီးထိန်​ချုပ်​ရလွယ်​တယ်​။

 

ကိုယ်​့ခန္ဓာကိုယ်​ရဲ့တုန်​့ပြန်​ပုံ​ပေါ်မူတည်​ပြီး ​ရောဂါကုပုံမတူတတ်​ဘူး။ ​နာကျင်​ကိုက်​ခဲတာ​တွေအတွက်​ အကိုက်​အခဲ​ပျောက်​အ​ရောင်​ကျ​ဆေး၊ ​ရောဂါပြန်​ပြန်​ထတာကို ကာကွယ်​ဖို့ ငှက်​ဖျား​ပျောက်​​ဆေး၊ အ​ရောင်​ကျ​စေဖု့ိ စတီးရိုက်​​ဆေး၊ ခုခံအားစနစ်​ထမကြွ​စေဖို့ ခုခံအားကျ​ဆေး​တွေနဲ့ ပိုဆိုးလာရင်​ biologics​ကိုယ်​ခန္ဓာတုပ​ဆေး​တွေနဲ့ ​ရောဂါ​ပေါ်မူတည်​ပြီး ကုသရတာပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

 

(Unicode)



 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 Dr. Mya Phoo Ngon (www.drmyanmar.com)