ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လည်ပင်းနာတဲ့အခါ
လည်ချောင်းနာတယ်ဆိုတာဟာ လူအတော်များများမှာ မကြာခဏခံစားရလေ့ရှိတဲ့ နာကျင်မှုဝေဒနာတစ်မျိုးပဲ ဖြစ်ပါတယ်။ အအေးမိခြင်းရဲ့ အဦးဆုံးလက္ခဏာသော်လည်းကောင်း၊ အသံအသုံးပြုတာများလို့သော်လည်းကောင်း၊ ဒါမှမဟုတ် ဘက်တီးရီးယားပိုးဝင်လို့သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
>> လည်ချောင်းနာခြင်းရဲ့လက္ခဏာများ
● လည်ပင်းမှာနာကျင်ခြင်း
● ရှတတခံစားရခြင်း
● လည်ချောင်းခြောက်သွေ့ခြင်း
● အစာမျို၊ ရေမျိုချရ ခက်ခဲခြင်း
● အသံအက်တက်တက်ဖြစ်ခြင်း
● လည်ပင်းနဲ့မေးရိုးကအကျိတ်တွေ ရောင်ရမ်းခြင်း
● အာသီးရောင်ရမ်းခြင်း စတာတွေနဲ့ လာတတ်ပါတယ်။
Degirol IA 1
>> ဘာကြောင့်လည်ချောင်းနာတတ်သလဲ?
များသောအားဖြင့် အအေးမိ၊ တုပ်ကွေး၊ ကိုရိုနာဗိုင်းရပ်စ်စတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ Strep ဘက်တီးရီးယားပိုး၊ ဆုံဆို့၊ ကြက်ညှာ စတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်ပါသေးတယ်။
တခြားအကြောင်းရင်းတွေကတော့ ဓာတ်မတည့်ခြင်း၊ အက်ဆစ်ချဉ်ပြန်ရောဂါ၊ ပတ်ဝန်းကျင်က ဓာတ်မတည့်ခြင်းများ၊ ခြောက်သွေ့တဲ့လေနဲ့ အသံကြိုးနာခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ အကျိတ်၊ အိတ်ချ်အိုင်ဗီစတဲ့ အရေးကြီးတဲ့ရောဂါတွေကြောင့်လည်း လည်ချောင်းနာတတ်ပါသေးတယ်။
Degirol IA 2
>> လည်ချောင်းနာခြင်းကို ဘယ်လိုကုသကာကွယ်ကြမလဲ?
ဆားရေနွေးနဲ့ ပလုတ်ကျင်းခြင်း၊ အရည်တွေ အများကြီးသောက်ခြင်း၊ Degirol လို ငုံဆေးတွေငုံပေးခြင်း၊ ရေနွေးငွေ့ရှူခြင်းစတဲ့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ တကယ်လို့ ဘက်တီးရီးယားပိုးကြောင့် လည်ချောင်းနာတာဆိုရင်တော့ ပိုးသတ်ဆေး လိုတတ်ပါတယ်။
လည်ချောင်းနာခြင်းကို ကာကွယ်နိုင်ဖို့ လက်ကို ဆပ်ပြာနဲ့ရေနဲ့သေချာဆေးကြောခြင်း၊ နှာချေချောင်းဆိုးတဲ့အခါ တစ်ရှူး (သို့) တံတောင်အုပ်ဆိုးခြင်း၊ ဖျားနာနေသူတွေနဲ့ အစားအသောက်၊ အသုံးအဆောင်တွေ ဝေမျှမသုံးစွဲခြင်း စတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























