မကောင်းတဲ့အဆီတွေကိုလျှော့ချပေးနိုင်တဲ့ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ Lycopene (လိုင်ကိုပင်း) ပါ၀င်မှုများတာကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ (အူမကြီးနဲ့ သားမြတ်ကင်ဆာအပါအ၀င်) တွေကို ကာကွယ်ပေါ်နိုင်တယ်လို့ လေ့လာမှု အများအပြားအရ သိရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ကိုလက်စထရော (LDL) အဆင့်ကိုလျော့ချပေးနိုင်ပြီး ကောင်းတဲ့ကိုလက်စထရော(HDL) အဆင့်ကိုမြှင့်တင်ပေးနိုင်ပါတယ်။
တစ်နေ့လျှင် အလတ်စားအရွယ်ရှိတဲ့ ခရမ်းချဉ်သီးနှစ်လုံးစားပေးခြင်းဖြင့် ကောင်းမွန်တဲ့ ကိုလက်စထရောအဆင့်ကိုအနည်းဆုံး 15% ထက်မြင့်တက်စေနိုင်ပြီး မကောင်းတဲ့ကိုလက်စထရောအဆင့် (LDL) နဲ့ Triglycerides အဆင့်တို့ကို 8% ထိလျော့ချပေးနိုင်တယ်လို့ လေ့လာမှုရလဒ်တွေ မှာဖော်ပြထားပါတယ်။ ခရမ်းချဉ်သီးမှာပါ၀င်တဲ့ Lycopene (လိုင်ကိုပင်း) အပါအ၀င် အခြားသော အင်တီးအောက်ဆီးဒင့် (Antioxidants)တွေဟာ မကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့ချပေးခြင်းဖြင့် သွေးကြောနံရံများတွင် အဆီဖတ်များဖြစ်ပေါ်ခြင်းကို လျော့နည်းစေပါတယ်။ lycopene (လိုင်ကိုပင်း) ဟာ ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် အခွံမာသီးတွေလို အစားအစာတွေနဲ့ တွဲစားရင် အာနိသင်ပိုရှိပါတယ်။
Dr. Htet Htet Aung






























