/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မကောင်းတဲ့-အဆီဓာတ်-ldl

မကောင်းတဲ့ အဆီဓာတ် (LDL)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခန္ဓာကိုယ်အတွက် မကောင်းတဲ့အဆီ LDL ဟာ သွေးလွှတ်ကြောတွေထဲမှာ စုပုံလာတတ်ပြီး နှလုံးနဲ့ သွေးကြောရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအဆီဓာတ်ကို ခန္ဓာကိုယ်မှာ မများအောင် ထိန်းထားဖို့ လိုအပ်ပါတယ်။

          ခန္ဓာကိုယ်ထဲမှာ ပုံမှန်ရှိနေဖို့ လိုအပ်တဲ့ ဒီ LDL အဆီဓာတ်ကို အသည်းက ထုတ်ပေးပြီး တချို့အစားအစာတွေကတစ်ဆင့်လည်း ရရှိနိုင်ပါတယ်။

          LDL အဆီဟာ သည်းခြေရည်ကို ထုတ်လုပ်ပေးပြီး နှလုံးနဲ့ သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း ပါဝင်ပါတယ်။

          ဒါပေမဲ့ လိုအပ်တာထက် အဆီတွေ စုပုံလာတဲ့အခါ သွေးလွှတ်ကြောတွေထဲမှာ စုပုံလာပြီး နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ ရောဂါမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။

    

>>    မကောင်းတဲ့အဆီဓာတ် LDL ဆိုတာ ဘာလဲ?

          ပေါ့ပါးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ LDL ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီတစ်မျိုးဖြစ်ပြီး သွေးကြောတွေမှာ စုပုံတတ်ပါတယ်။

          နှလုံးနဲ့ သွေးကြောရောဂါတွေမှာ ဒီအဆီဟာ အဓိကဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ သူ့ကို အသံတိတ်လူသတ်သမားလို့လည်း ခေါ်ကြပါသေးတယ်။

          LDL ကိုလက်စထရော ၁၃၀mg/dl ထက် များနေပါက အဆီများနေတယ်လို့ ဆိုနိုင်ပါတယ်။

          ကောင်းတဲ့ အဆီတစ်မျိုးဖြစ်တဲ့ HDL ကိုလက်စထရော အမျိုးသားတွေမှာ ၃၅mg/dl နဲ့ အမျိုးသမီးတွေမှာ ၄၀mg/dl ထက် နည်းနေပါကလည်း ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။

 

>>    ကိုလက်စထရောတက်တဲ့ ရောဂါလက္ခဏာများ

          ကိုလက်စထရော အဆီများနေတဲ့ ရောဂါလက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ အစပိုင်းမှာတော့ မသိသာသေးပါဘူး။

          ကြာလာတဲ့အခါ -

●        အစာမကြေခြင်း

●        ပင်ပန်းနွမ်းနယ်ခြင်း

●        ဝမ်းချုပ်ခြင်း

●        လှုပ်ရှားတိုင်း တုန်နေခြင်း

●        ခံတွင်းအနံ့ ဆိုးခြင်း

●        ခြေတွေလက်တွေ ရောင်ရမ်းခြင်း

●        ခေါင်းမူးခြင်း

●        ခေါင်းကိုက်ခြင်း

●        မျက်လုံးဝါးခြင်း

●        ရင်ဘတ်အောင့်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)