/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မချော့ချင်သူများနှင့်-အချော့ကြိုက်သူများအကြောင်း

မချော့ချင်သူများနှင့် အချော့ကြိုက်သူများအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမျိုးသားတွေက ချော့ရတာ မကြိုက်သလို အချော့ခံရတာကိုလည်း စိတ်ပျက်ကြပါသတဲ့။ မိန်းကလေးတွေကကျတော့ ကောက်ချင်သလို ကောက်မယ် ချော့ပေးမှ ကျေနပ်မယ်ဆိုတဲ့ အစားပါတဲ့။ ဒီလိုအခြေအနေဟာ နှစ်ချို့ဇနီးမောင်နှံတွေမှာ မြောက်မြားစွာ ဖြစ်နေတတ်ပြီး အဖုအထစ်တွေ၊ စိတ်ချင်း မတိုက်ဆိုင်တာတွေ အများကြီးကို လမ်းကြောင်းပေးနေပါတယ်။

          နှစ်ပေါင်းများစွာ  အတူနေလာတဲ့ စုံတွဲတွေအနေနဲ့ အိမ်ထောင်ရေး သက်တမ်းတစ်လျှောက်မှာ အဖုအထစ်တွေ စိတ်ညစ်ညူးစရာတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ကြရမှာပါပဲ။ အိမ်ထောင်ရေး သုတေသီတွေက လင်မယားစုံတွဲတွေ အများအပြားကို မေးမြန်းပြီး သုတေသန လုပ်ခဲ့ကြပါတယ်။

          အချော့ မကြိုက်သူများနှင့် အချော့ ခံချင်သူများ အကြောင်းပေါ့။

          အမျိုးသားတွေက စိတ်ရှုပ်တာတွေကို အကြာကြီး မစဉ်းစားတတ်ဘဲ စိတ်ရှိလက်ရှိ ချော့တာ၊ ဖြေရှင်းတာ သူတို့ကို လာချော့ပေးတာကိုပါ အတော်စိတ်ပျက်ကြပါသတဲ့။ အေးအေးလူလူ ပစ်ထား ... ကိုယ်က သာယာပြီးသားဆိုတဲ့ အမျိုးအစားတွေပါတဲ့။

          အမျိုးသမီးတွေကျတော့ ကြီးကြီးငယ်ငယ် စိတ်တို စိတ်ကောက် ဝမ်းနည်းတာအပြင် အချော့ခံချင် ဂရုစိုက်ခဲ့ချင်ကြတာကိုက သူတို့ရဲ့ ဆိုက်ကိုပါတဲ့။

          ဒီတော့ အိမ်ထောင်ရေး ပြေလည်ချင်ရင် အမျိုးသမီးတွေကို များများချော့ နွေးနွေးထွေးထွေး နေပေးဖို့ လိုအပ်သလောက် အမျိုးသားတွေ စိတ်ညစ်တဲ့အခါ ဘာသိဘာသာသာ လွှတ်ထားလိုက်တာ ပိုအဆင်ပြေတယ်တဲ့။

          သူတို့က အချော့လည်း မခံချင်ဘူး၊ ချော့လည်း မချော့ချင်ဘူးတဲ့။ အဲဒီလို လုပ်ရတာကိုက သူတို့ကို အကြီးအကျယ် စိတ်ပျက်မိစေပါတယ်။

          မတူညီတဲ့ ကျား/မ စိတ်ပညာ သဘောတရားအရ အတူနေကြတဲ့အခါ သဘောထားချင်း မတိုက်ဆိုင်လို့ ပြဿနာဖြစ်တာ မထူးဆန်းတဲ့ကိစ္စလို့ပဲ ဆိုရမှာပါပဲ။ ပြဿနာ အတော်များများကို ချဉ်းကပ်ပုံကိုက ကွာခြားနေတာကိုး။ ခံစားချက်နဲ့ တနုံ့နုံ့ဖြစ်တတ်တဲ့ မသဘာဝနဲ့ အချိန်တန် ပြီးသွားမှာပဲဆိုတဲ့  ဖိုသဘာဝက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလို့ပါ။

          ဒီတော့ သာယာလှပတဲ့ အိမ်ထောင်ရေးဘဝတစ်ခု ပိုင်ဆိုင်လာဖို့ဆိုရင် မတူညီတဲ့ စိတ်အခြေခံလေးတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ လိုအပ်ချက်လေးတွေ အတူတကွ ဖြည့်ပေးနိုင်ဖို့ လိုအပ်နေတာတွေကို အိမ်ထောင်သည်တွေ သတိပြုမိကြဖို့ လိုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)