မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အခါ သတိပြုစရာ
မတော်တဆ တစ်စုံတစ်ရာကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အခါ အချိန်မရွေး သတိလစ်သွားတတ်ပါတယ်။ ဖြစ်ပြီးစကနေ ၂၄ နာရီအတွင်း သတိလစ်ရင် အပျော့စားကနေ အသေးစား ဦးနှောက်ထိခိုက်မှု ဖြစ်နေတတ်ပြီး ဖြစ်သမျှကို မမှတ်မိတော့တာတွေပါ ရှိတတ်ပါတယ်။ ၂၄ နာရီကျော်မှ သတိလစ်မေ့မျောတဲ့အခါ အပြင်းစား ဦးနှောက်ထိခိုက်မှုတစ်ခုခု ဖြစ်နေတတ်ပါတယ်။
>> ဦးနှောက်ကို ကွက်ကွက်လေး ထိတာလား? အများကြီး ထိတာလား?
ကွက်ကွက်လေး ထိတဲ့နေရာအလိုက် ကိုယ်အဂါၤအစိတ်အပိုင်း ထိခိုက်မှုရှိလာပါမယ်။ အမြင်အာရုံဧရိယာထိရင် မျက်လုံး ထိခိုက်မယ်။ စကားပြောဧရိယာထိရင် စကားပြော ခက်မယ်။ ထစ်မယ်။ အများကြီးပြန့်ကျဲပြီး ထိခိုက်တာမျိုးကျ ဦးနှောက်ဆဲလ်များစွာ ထိခိုက်သွားပြီး စမ်းသပ်တွေ့ရှိစရာ လက္ခဏာတွေကလည်း ပိုမိုခက်ခဲတတ်ပါတယ်။
>> ဦးခေါင်းထိခိုက်မိရင် ဘာတွေဖြစ်တတ်သလဲ?
◊ အာရုံစူးစိုက်မှု ခက်ခဲမယ်။
◊ မေ့တတ်လာပါတယ်။
◊ ဆုံးဖြတ်ချက် ခက်ခဲတယ်။
◊ သေချာ မတွေးဆ၊ မဆင်ခြင်တတ်တော့ဘူး။
◊ မျက်လုံးအမြင်အာရုံ ဝေဝါးမယ်။
◊ အကြားအာရုံ ထိခိုက်မယ်။
◊ အနံ့အရသာ ထိမယ်။
◊ အထိအတွေ့ ပြောင်းမယ်။
◊ ထုံမယ်၊ ကျဉ်မယ်၊ အပူအအေး မသိတော့ဘူး။
◊ လှုပ်မရဘူး။
◊ လှုပ်ရ ခက်မယ်၊ နှေးမယ်။
◊ တုန်မယ်။
◊ အရွတ်တွေ တင်းနေမယ်၊ အကြောပျော့ခွေမယ်။
◊ စိတ်တွေ ကယောင်ကယင်ဖြစ်မယ်။
◊ အထိခိုက်မခံဘူး။
◊ ဒေါသ အလွယ်တကူထွက်မယ်။
◊ စိတ်ဓာတ်ကျမယ်။
◊ အိပ်မပျော်ဘူး။
◊ ခေါင်းကိုက်မယ်။
လူ့ဦးနှောက်ဟာ ထိခိုက်ဒဏ်ရာ တစ်ခုခုရပြီးနောက်မှာ အံ့သြစရာကောင်းလောက်အောင် ပြန်လည် ရှင်သန်နိုင်ပြီး လေ့လာမှုအသစ်တွေနဲ့ အသစ်ပြန်လည်လာတတ်ပါတယ်။ ပိုဆိုးသွားနိုင်သလို ကောင်းလာနိုင်တဲ့ အလားအလာတွေလည်း အများကြီး ရှိတာမို့ အခန့်မသင့်လို့ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး ဦးနှောက်ထိခိုက်တဲ့ အထက်လက္ခဏာတွေ ရှိလာတဲ့အခါ အမြန်ဆုံး ဆေးအကူအညီယူဖို့ တိုက်တွန်းပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























