မလွဲမသွေကူးစက်နိုင်ပေမယ့် အိုမီခရွန်မဖြစ်အောင် ဘာကြောင့် အတတ်နိုင်ဆုံး ကာကွယ်သင့်တာလဲ
ကိုဗစ်ဖြစ်ပြီးရင် ကိုယ်ခံအားရတာကြောင့်တစ်ကြောင်း၊ အိုမီခရွန်ရဲ့လက္ခဏာတွေ မပြင်းထန်တာကြောင့်တစ်ကြောင်း အခုချိန်မှာ လူအများစုဟာ အိုမီခရွန်ကူးမှာကို မကြောက်ကြဘဲ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာလိုမျိုး ကိုဗစ်စည်းကမ်းချက်တွေကို သေချာမလိုက်နာဘဲ နေထိုင်လာကြတာကို တွေ့ရပါတယ်။
တကယ်တော့ ကိုဗစ်ရောဂါဖြစ်တယ်ဆိုတာ ကိုယ်ထင်ထားသလို မလွယ်ကူလှပါဘူး။ အိုမီခရွန်ကူးစက်တဲ့အခါ ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတာ ကြည့်လိုက်ကြရအောင်။
Atussin Adult 1
• ကိုယ့်မှာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိတယ်ဆိုရင် အိုမီခရွန်ကူးစက်တဲ့အခါ ထင်တာထက်ပိုပြီးတော့ ပြင်းထန်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသားမို့ ရောဂါမပြင်းထန်ဘဲ ဆေးရုံမတက်ရဘူးဆိုရင်တောင် ရက်အနည်းငယ်လောက်တော့ ရောဂါလက္ခဏာအပျော့စားတွေကို ခံစားနေရဦးမှာပါ။ အကယ်၍ ဘာလက္ခဏာမှ မပြရင်တောင် တခြားလူကိုမကူးစက်အောင် သီးသန့်နေရမှာဖြစ်လို့ အလုပ်တွေ၊ စီစဉ်ထားတာတွေ ပျက်ကွက်နိုင်ပါတယ်။
• ဗိုင်းရပ်စ်ပိုးဟာ လက္ခဏာမပြခင်တည်းက ကူးစက်နိုင်လို့ ရောဂါရှိမှန်းမသိဘဲ လျှောက်သွားနေမိရင် မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေသူငယ်ချင်းတွေဆီ ရောဂါပိုးဖြန့်ဝေသလို ဖြစ်နိုင်ပါတယ်။ ဒီလိုလူတွေထဲမှာ ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေသာပါခဲ့ရင် ရောဂါပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးဖို့ အရမ်းငယ်လွန်းတဲ့ ကလေးတွေကိုလည်း ကူးစက်နိုင်ပါသေးတယ်။ ကလေးတွေမှာ ကိုဗစ်ဖြစ်ရင် ပြင်းထန်လေ့မရှိပေမယ့် အနည်းစုကတော့ အဆုတ်ရောင်တာ၊ လေပြွန်ရောင်တာကြောင့် ဆေးရုံတက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
• ရောဂါကူးစက်ခံရရင် ကိုယ်ခံအားရပေမယ့် ဒီကိုယ်ခံအားဟာ လပိုင်းလောက်ပဲ ခံတာပါ။ မျိုးကွဲအသစ်ပေါ်လာလို့ဖြစ်စေ၊ ကိုယ်ခံအားပြန်ကျသွားလို့ဖြစ်စေ ရောဂါပြန်ဖြစ်နိုင်ပါတယ်။
Atussin Adult 2
• ရောဂါကူးစက်မှုများလာတာနဲ့အမျှ ဆေးဝါးတွေ ဝယ်ယူစုဆောင်းထားတာလည်း များပြားလာတာကြောင့် ကိုယ်တကယ်ဖြစ်တဲ့အခါ လိုအပ်တဲ့ဆေးဝါးတွေကို ဝယ်လို့မရတာမျိုး ကြုံရတတ်ပါတယ်။
• အရင်မျိုးကွဲတွေမှာ ရောဂါလက္ခဏာ မပြင်းထန်ရင်တောင်မှ နာတာရှည်ကိုဗစ် ဖြစ်နိုင်သေးတာကြောင့် အိုမီခရွန်မျိုးကွဲမှာလည်း နာတာရှည်ကိုဗစ်မဖြစ်ဘူးလို့ ပြောလို့မရပါဘူး။ ကာကွယ်ဆေးထိုးထားရင် နာတာရှည်ကိုဗစ်ဖြစ်တာကို လျော့ကျစေတယ်ဆိုပေမယ့် အိုမီခရွန်မှာ အလုပ်ဖြစ်၊ မဖြစ်ကိုတော့ သေချာမပြောနိုင်သေးပါဘူး။
နိဂုံးချုပ်ပြောရရင် လူတိုင်းအနေနဲ့ အိုမီခရွန် မလွဲမသွေကူးစက်နိုင်တယ်ဆိုပေမယ့် ဒီအချက် (5) ချက်ကြောင့်ပဲ ကိုယ့်ကိုမကူးစက်အောင် အတတ်နိုင်ဆုံး ကာကွယ်သင့်တာပါ။ ရောဂါဖြစ်ပြီးမှ ကိုယ်ခံအားရတာထက် ကာကွယ်ဆေးထိုးပြီး ကိုယ်ခံအားရတာက ပိုကောင်းပါတယ်။ ဒါကြောင့် အိုမီခရွန်မကူးစက်အောင် အပြင်သွားတိုင်း နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေးရှောင်တာ၊ မကြာခဏ လက်ဆေးတာ၊တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာမှာနေတာ အစရှိတဲ့ ကိုဗစ်စည်းကမ်းတွေကို သေချာလိုက်နာသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























