မိမိကိုယ်ကို ကိုဗစ်ကူးစက်ပြီလို့ထင်ရင် ဘာတွေလုပ်ရမလဲ
>> ကိုဗစ်မှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ -
1. ဖျားခြင်း
2. ချောင်းဆိုးခြင်း
3. လည်ချောင်းနာခြင်း
4. မောခြင်း
5. အရိုးအဆစ်နဲ့ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
6. အနံ့နှင့်အရသာမရခြင်း
7. ဝမ်းလျှောခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Bio Adult 1

ဒီလိုလက္ခဏာတွေ ခံစားရပြီဆိုရင် ကိုဗစ်ကူးစက်နှုန်းမြင့်တဲ့ နေရာဒေသတွေကို ခရီးသွားဖူူလား၊ ရောဂါပိုးရှိလူနာနဲ့ ထိတွေ့မှုရှိလား၊ မိမိဟာ ရောဂါကူးစက်နိုင်ချေမြင့်တဲ့ ကိုယ်ခံအားကျနေတဲ့သူ (သို့) ရောဂါအခံရှိတဲ့သူလားဆိုတာ ရောဂါအခံရှိတဲ့သူလားဆိုတာ တစ်ချက်ပြန်ကြည့်ပါ။
>> အဲ့လိုတွေရှိခဲ့လို့ မိမိကိုယ်ကို ကိုဗစ်လို့ သံသယရှိရင် -
1. မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
2. အမြဲ နှာခေါင်းစည်းတပ်ထားပါ။
3. ဖျားရင် ဘိုင်အိုဂျက်ဆစ် ကဲ့သိုသော ပါရာစီတမော သောက်ပါ။
4. အရည်များများသောက်ပါ။
5. ချောင်းဆိုးရင် ရေနွေးသောက်ပါ။
Bio Adult 2

6. ဆားရည်နဲ့ အာလုတ်ကျင်းပါ။
7. ချောင်းဆိုးပျောက်ဆေး သောက်ပါ။
8. မောရင် အသက်ကို ဖြည်းဖြည်းချင်း ပုံမှန်ရှူပါ။
9. စိတ်တည်ငြိမ်စေမယ့်အရာတွေ လုပ်ပေးပါ။
10. ဖျားနာကုဆေးခန်း (သို့) ကိုဗစ်နဲ့ ပတ်သက်ပြီး ဆက်သွယ်ရမယ့်အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























