/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိမိမှာ-ရှားပါးအူရောင်ရောဂါ-ဖြစ်နေပြီလား

မိမိမှာ ရှားပါးအူရောင်ရောဂါ ဖြစ်နေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗိုက်မကောင်း/လေပွတတ်တဲ့ လက္ခဏာတွေရှိတဲ့ ရှားပါးအူရောင်ရောဂါဟာ ရှာဖွေတွေ့ရှိဖို့ ခဲယဉ်းသလို မထင်မှတ်တဲ့ ရောဂါလက္ခဏာတွေနဲ့ လာတတ်ပါတယ်။ မကြာခဏ ဗိုက်အောင့် ဗိုက်နာရှိသူတွေမှာ အူရောင်ရောဂါ ရှိ၊ မရှိ စမ်းသပ်ကြည့်သင့်ပါတယ်။ ရှားပါး ကိုယ်ခံအားလွန် အူရောင်ရောဂါဟာ မသိဘဲ ငုတ်လျှိုးနေတတ်လို့ပါ။

●        ပိန်လာမယ်၊ အာဟာရ ပြတ်လတ်မယ်။

●        နေမကောင်း မကြာခဏဖြစ်တယ်။

●        ဝမ်းချုပ်မယ်။

●        ဝမ်းလျှောမယ်။

●        လေပွလေနာဖြစ်မယ်။

          ဒါတွေဖြစ်ရင် ကစီဓာတ်နဲ့၊ ထမင်းနဲ့ ပေါင်မုန့်တွေ ပဲအမျိုးမျိုးတွေကို ရှောင်ကြဉ်လိုက်ရင်လည်း ကောင်းသွားတတ်သူတွေ ရှိပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ မတိုင်ပင် မစစ်ဆေးဘဲ မိမိဘာသာ အလွန်အကျွံ အစားရှောင်ကြဉ်တာကလည်း ရေရှည်မှာ အာဟာရချို့တဲ့မှုကို ဖြစ်စေပါတယ်။

 

>>    ဘယ်လိုလက္ခဏာတွေရှိရင် ကိုယ်ခံအားလွန် အူရောင်ရောဂါလို့ ပြောသင့်ပါသလဲ?

●        သုံးလတစ်ခါလောက် အကြောင်းရင်း မယ်မယ်ရရမရှိဘဲ ဗိုက်နာမယ်။

●        လေပွမယ်။

●        ဗိုက်ရစ်မယ်။

●        ဝမ်းလျှောမယ်။

 

>>    ဘယ်လိုရောဂါရှာကြမှာလဲ?

●        သွေးစစ်မယ်။

●        ဝမ်းစစ်မယ်။

●        အူလမ်းကြောင်း စစ်ဆေးမယ်။

          ဒါကြောင့် မိမိကိုယ်မိမိ အမြဲဗိုက်မကောင်းဖြစ်နေခဲ့ရင် ဒီရောဂါ ဟုတ်၊ မဟုတ် စမ်းသပ်စစ်ဆေးထားဖို့ လိုတဲ့အကြောင်း သတိပေးလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)