/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိသားစု-တစ်ဦးနဲ့တစ်ဦး-လေးစားချစ်ခင်ပါ

မိသားစု တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်ဦးကိုတစ်ဦး တန်ဖိုးထား လေးစားခြင်းဟာ မိသားစုမှာတင်မက လူ့အသိုင်းအဝိုင်းမှာပါ အရေးပါတဲ့ နှလုံးသည်းပွတ် ဖြစ်ပါတယ်။

●        တစ်ယောက်ရဲ့ဘဝကို တစ်ယောက် စိတ်ပါဝင်စားမှုရှိပြီး တစ်ယောက်ရဲ့ အားကစားပွဲတွေ၊ စင်ပေါ်ဖျော်ဖြေမှုပွဲတွေနဲ့ ပန်းချီပွဲတွေ စတဲ့ပွဲမျိုးတွေကို တစ်ယောက်က အရေးတယူ တက်ရောက်သင့်ပါတယ်။

●        တစ်နေ့တာဖြစ်စဉ်များ ဝေငှပြောဆိုပါ။ တစ်ယောက်ယောက်ကို ချန်ထားခဲ့တာမျိုး မဖြစ်ပါစေနဲ့။

●        မိသားစု အဖြစ်အပျက်လေးတွေ၊ အမှတ်တရလေးတွေကို ပြန်လည်ပြောပြပါ။ ဥပမာ - အမေဖြစ်သူရဲ့ငယ်ဘဝ အားကစားထူးချွန်ဆုအကြောင်းတွေ၊ အငယ်လေးမွေးတုန်းက အကြီးလေးက ဘယ်လိုကူညီတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြခြင်းအားဖြင့် မိသားစုအတွင်း ကြီးကြီးမားမား မဟုတ်တာလေးတွေကိုတောင်မှ တန်ဖိုးထားတတ်လာမှာ ဖြစ်တယ်။

●        တစ်ဦးတစ်ယောက်ချင်းစီရဲ့ မတူညီကွဲပြားမှုတွေ၊ အရည်အချင်းတွေကို ထုတ်ဖော်ချီးကျူးပေးပါ။ ဥပမာ - အငယ်လေး စာဖတ်တာကို နားထောင်ပေးတဲအတွက် အကြီးလေးကို ချီးကျူးတဲ့အခါ အကြီးဖြစ်သူကလေးဟာ သူ့ကိုယ်သူ အကူအညီပေးသူ၊ အသုံးဝင်သူအဖြစ် ယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)