/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိုးစက်မှန်တိုင်း-ခေါင်းကိုက်တတ်သူတွေရှိလား

မိုးစက်မှန်တိုင်း ခေါင်းကိုက်တတ်သူတွေရှိလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မိုးစက်မှန်ရင်၊ မိုးမိရင် ခေါင်းကိုက်တတ်တယ်ဆိုတာ တကယ်လား။ ပူပါတယ်ဆိုသူတွေ အတွက်ကတော့ မိုးလေး တစ်ဖျောက်နှစ်ဖျောက်လောက် ကျလိုက်တာက သူတို့အတွက် ကြည်နူးစရာပေမယ့် ခေါင်းကိုက်တတ်သူတွေအတွက်တော့ စိတ်ညစ်ညူးစရာပါပဲ။

          အိမ်ထဲမှာနေရင်း မိုးသက်လေအနံ့လေးရရင်ကို ခေါင်းကိုက်တတ်တာ ဘာလို့ပါလိမ့်?

          အဖြေကတော့ လေထုအပူချိန်နဲ့ ဖိအား ပြောင်းလဲလာလို့ပါတဲ့။

          လူ ၇၀၀၀ ကျော်ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာ လေထုဖိအား စိုထိုင်းဆနဲ့ အပူချိန်တွေကိုပါ ထည့််သွင်း တိုင်းတာခဲ့ကြပါတယ်။ ခေါင်းတစ်ခါကိုက်တိုင်း ဆေးခန်းလာပြတိုင်း အဲဒီပတ်ဝန်းကျင် အခြေအနေတွေကိုပါ ထည့်သွင်းဖော်ပြ တိုင်းတာကြပါတယ်။

          အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ -

●        အပူချိန်များရင် ခေါင်းကိုက်တယ်။

●        လေထုဖိအား ၅ မီလီမီတာ ကျဆင်းတိုင်း ခေါင်းတစ်ခါ ကိုက်ကြသတဲ့။

          ဒီတော့ မိုးအုံ့ချိန်၊ ရွာချိန်မှာဖြစ်တတ်တဲ့ လေထုဖိအား ကျဆင်းမှုဟာ သင့်ရဲ့မျက်နှာက လေအခေါင်းပွတွေနဲ့ ပြင်ပလေထုကြား ဖိအား မညီမျှတွေ ဖြစ်ပေါ်စေပြီး ခေါင်းကိုက်လာစေတာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)