/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မီးဖိုချောင်ထဲမှာ-ရောဂါဖြန့်ဖြူးနေတဲ့-လက်သုတ်၀တ်တွေ

မီးဖိုချောင်ထဲမှာ ရောဂါဖြန့်ဖြူးနေတဲ့ လက်သုတ်၀တ်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မီးဖိုချောင်ထဲမှာ အလွယ်တကူ အသုံးပြုတဲ့ ကြွေခုံပွတ်တိုက်တဲ့ လက်သုတ်ဝတ်တွေ၊ တဘက်စုတ်တွေ၊ လက်နှီးဝတ်တွေက ရောဂါပိုး သယ်ဆောင်ဖြန့်ဖြူးရာ ပစ္စည်းတွေ ဖြစ်နေတတ်ပါတယ်။ ပြင်းထန် အစာအဆိပ်သင့် ရောဂါပိုးတွေကို သယ်ဆောင်နေတာဟာ စိုစွတ်နေတဲ့ လက်သုတ်ဝတ်တွေ၊ စားပွဲသုတ်တဘက်တွေ ဖြစ်ပါတယ်တဲ့။

          သုတေသနတွေအရ မီးဖိုချောင်ထဲက လက်သုတ်ဝတ်တွေ၊ လက်နှီးတွေ၊ စားပွဲသုတ်ဝတ်တွေမှာ ဘယ်လိုရောဂါပိုးတွေ ရှိနေတတ်ပါလိမ့်။

●        ဆာမိုနဲလား (Salmonella) ရောဂါပိုး

●        အီးကိုလိုင် (E coli) ရောဂါပိုး

●        ကန်ဖိုင်လိုဗက်တာ (Camphylobacter) ရောဂါပိုး

          ဒီပိုးတွေဟာ အစာအဆိပ်သင့်စေတဲ့ပိုးတွေ ဖြစ်ပါတယ်။ ပြင်းထန်စွာ အစာအဆိပ်သင့်၊ ၀မ်းလျှောတာ၊ ဖျားနာတာတွေ ဖြစ်စေပါတယ်။

          သုတေသနအတွက် နမူနာ စမ်းသပ်တဲ့ ၄၉ ခုမှာ ဘက်တီရီးယားတွေ အပြည့်ပါပဲတဲ့။ ကြောက်စရာ မကောင်းဘူးလား။

          ဒါ့အပြင် စိုနေတဲ့အဝတ်နဲ့ ခြောက်နေတဲ့အဝတ်ဆိုရင် စိုနေတဲ့အဝတ်က ပိုမိုအန္တရာယ်များပါတယ်။ ဘက်တီးရီးယားပွားများနှုန်း ပိုမြင့်လို့ ဖြစ်ပါတယ်။

●        ရေအေးအေးနဲ့ အဝတ်လျှော်ဆပ်ပြာသုံးပြီး မကြာခဏ လျှော်ဖွပ်ခြင်းဖြင့် ဘက်တီးရီးယားတွေကို အလွယ်တကူ ထိန်းချုပ်နိုင်ပါသတဲ့။

●        လျှော်ပြီးတဲ့အခါ ခြောက်အောင် နေပူပူမှာ ထုတ်လှမ်းပါ။ လုံးဝခြောက်သွေ့သွားမှ ပြန်လည်အသုံးပြုစေလိုပါတယ်။ တဘက်တွေကို သုံးပြီးတဲ့အခါ ရေနဲ့ လျှော်လိုက်ပြီး ဖြန့်လှန်းထားလိုက်ပါ။

●        ကြွေခုံတွေ၊ စားပွဲတွေကို သုတ်တဲ့အခါ ဘလိချ်လို့ခေါ်တဲ့ ကြွေချေးချွတ်ဆေး၊ ကြမ်းတိုက်ဆေး အနည်းငယ်ထည့်ပြီး သုတ်ပေးခြင်းခြင့် ပိုးသေစေပါတယ်။

●        လက်သုတ်ဝတ်၊ စားပွဲသုတ်ဝတ်တွေကို ခွဲခြားထားပါ။ အသား၊ ငါး လှီးတဲ့နေရာနဲ့ ဝေးဝေးထားပါ။ တန်းလေးနဲ့ တန်းစီ လွှားထားပါ။

●        စားပွဲသုတ်တဲ့အဝတ်၊ ပေါင်းအိုးသန့်စင်တဲ့အဝတ်၊ အသားငါးစိမ်း လှီးတဲ့အခါ သုံးတဲ့အဝတ်၊ အပူကိုင်တဲ့ လကိနှီးဝတ် စသည်ဖြင့် ခွဲခြားထားပါလို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

          ဒီတော့ မီးဖိုချောင်လေးကို ကျန်းမာသန့်ရှင်းတဲ့ နေရာလေးတစ်ခုအဖြစ် အသွင်ပြောင်းဖို့ လက်နှီးဝတ်တွေ၊ တဘက်တွေကအစ သန့်သန့်လေးထားခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ စားသောက်နေမှုကို ပုံဖော်ကြရအောင်နော် ...။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)