/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မီးဖိုချောင်ထဲရှိ-အန္တရာယ်ဖြစ်စေနိုင်သော-အစားအစာများ

မီးဖိုချောင်ထဲရှိ အန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မီးဖိုချောင်ထဲမှာရှိတဲ့ ကိုယ့်မိသားစုကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတွေကို ဖတ်ကြည့်ရအောင်ပါ။

 

1.      သစ်သီးအစေ့များ

          ချယ်ရီသီး၊ ဆီးသီး၊ တရုတ်ဆီးသီး၊ မက်မွန်သီး စတဲ့ အသီးတွေမှာ prussic acid လို့ခေါ်တဲ့ hydrogen cyanide တစ်မျိုး ပါဝင်တယ်တဲ့နော်။ ဒါကြောင့် ဒီအသီးတွေ စားရင် အစေ့ကို ဝါးစားတာ၊ စုပ်တာမျိုးတွေ မလုပ်ကြပါနဲ့။

          ပန်းသီးအစေ့မှာလည်း cyanide အဆိပ် ပါ,ပါတယ်။ အများကြီး စားမိမှသာ နေမကောင်း ဖြစ်စေနိုင်တယ် ဆိုပေမယ့်လည်း အန္တရာယ်ကို သတိထားပြီး စားကြစေလိုပါတယ်။

 

2.      ခရမ်းချဉ်သီး

          ခရမ်းချဉ်သီးမှာ အသီးကိုပဲစားပြီး အရွက်တွေ၊ ရိုးတံတွေကို ဘာလို့မစားကြသလဲ သိကြပါသလား။ ဒီအရွက်တွေနဲ့ ရိုးတံတွေမှာ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ အစာအိမ်ကို ဒုက္ခပေးနိုင်တဲ့ glycoalkaloids ပါဝင်ပါတယ်။

 

3.      အာလူး

          အာလူးရဲ့ အရွက်၊ ရိုးတံနဲ့ အပင်ပေါက် အညှောက်တွေမှာ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်မေ့မြောခြင်း (ကိုမာ) နဲ့ အသက်ဆုံးရှုံးခြင်းကိုတောင် ဖြစ်စေနိုင်တဲ့ glycoalkaloids ဓာတ် ပါဝင်ပါတယ်။ ဒီဓာတ်တွေက အထူးသဖြင့် အလင်းရောင်နဲ့ ထိတွေ့ပြီး အကြာကြီးထားတဲ့ အာလူးတွေထဲမှာ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အာလူးပေါ်မှာ အစိမ်းရောင်လေး သန်းနေတာတွေ့ရင် မနှမြောပါနဲ့ လွှတ်ပစ်လိုက်ပါ။ ကိုယ့်ခန္ဓာကိုယ် အလေးချိန်ရဲ့ 3-6 per kilo စားမိရင်တောင်မှ သေစေနိုင်ပါတယ်။

 

4.      ပဲနီ

          ဒီပဲထဲမှာ phytohemagglutinin ဆိုတဲ့ အဆိပ်ဓာတ် ပါဝင်တဲ့အတွက် ဒီပဲကို အနည်းဆုံး ၁၀ မိနစ်လောက် ပြုတ်ပြီးမှ စားရပါမယ်။ မပြုတ်ဘဲ ဘယ်တော့မှ မစားပါနဲ့။ နောက်တစ်နည်းအနေနဲ့ စည်သွပ်ပဲဘူးတွေ စားလို့ရပါတယ်။ သေချာပြုတ်မထားဘဲနဲ့ နည်းနည်းလေး စားမိရင်တောင်မှ နေမကောင်း ဖြစ်စေနိုင်ပါတယ်။ ရှားပါးပေမယ့်လည်း အသက်ဆုံးရှုံးသည်အထိတောင် ရှိပါတယ်။

 

5.      ဇာတိပ္ဖိုလ်သီး

          ဇာတိပ္ဖိုလ်သီးမှာ စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေတတ်တဲ့ myristicine ဓာတ် ပါဝင်ပါတယ်။ 0.2 အောင်စလောက် စားမိရင်တောင်မှ တက်စေနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီးတစ်လုံးလုံး စားလိုက်ရင်တော့ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ထင်ယောင်ထင်မှားမြင်ခြင်း၊ ကြားခြင်း၊ ကိုယ့်ကိုယ်ကို သေတော့မယ်လို့ ခံစားရခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

 

6.      အယ်မွန်စေ့

          အယ်မွန်စေ့ အချိုနဲ့ အခါး ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ ခါးတဲ့အစေ့မှာ hydrogen cyanide ဆိုတဲ့ အဆိပ် ပါဝင်တဲ့အတွက် အစိမ်းစားလို့ မရပါဘူး။ အယ်မွန်စေ့ အခါး ၇-၁၀ စေ့လောက် အစိိမ်းစားမိတာနဲ့ လူကြီးတွေမှာ နေမကောင်းဖြစ်စေပြီးတော့ ကလေးတွေမှာဆိုရင် သေစေနိုင်ပါတယ်။

 

7.      တူနာငါး

          တူနာငါးမှာ ပြဒါးဓာတ် မြင့်မားစွာ ပါဝင်ပြီးတော့ အများကြီးစားမိရင် ကျွနု်ပ်တို့ရဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ်နဲ့ ကိုယ်ခံအားစနစ်တွေကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်းပဲ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ တူနာငါး မစားသုံးသင့်ပါဘူး။ တူနာ တစ်ခါစားတာနဲ့ အန္တရာယ် မဖြစ်စေနိုင်ပေမယ့်လည်း တစ်ပတ်အတွင်း ဘယ်လောက်များများ စားထားလဲဆိုတာကို သေချာစောင့်ကြည့်ဖို့ လိုပါတယ်။

 

8.      ပီလောပီနံ

          ပီလောပီနံက ကမ်ဘာပေါ်မှာ တတိယ အစားအများဆုံးသော ကစီဓာတ်ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒီထဲမှာ cyanide အဆိပ် ပါဝင်တဲ့အတွက် အစိမ်းစားရင် သေနိုင်ပါတယ်။ ပီလောပီနံအချိုနဲ့ အခါး နှစ်မျိုး ရှိတဲ့အနက် အခါးမှာ cyanide ပိုပါဝင်ပါတယ်။ ပီလောပီနံအခါး အစိမ်း ၁ ပေါင် စားမိရင် နွားတစ်ကောင်ကို သေစေနိုင်ပြီးတော့ လူတွေကိုတောင်မှ သေစေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)