/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မီးဖိုချောင်သုံးအ၀တ်များကို-ရေနွေးဖြင့်-ပြုတ်လျှော်သင့်

မီးဖိုချောင်သုံးအ၀တ်များကို ရေနွေးဖြင့် ပြုတ်လျှော်သင့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိမ်ရှင်မတွေနေ့စဉ်နဲ့အမျှအသုံးပြုနေတဲ့ မီးဖိုချောင်သုံးအ၀တ်၊ ရေမြှုပ်၊ လက်သုတ်ပဝါ စတာတွေမှာ ဘက်တီးရီးယားပိုးပေါင်းများစွာကပ်တွယ်နေနိုင်ပါတယ်။ ယင်းအ၀တ်တွေမှာ ဖျားနာခြင်းကိုအစပျိုးစေနိုင်တဲ့ အီကိုလိုင်းလို့ခေါ်တဲ့ ပိုးတွေသန်းပေါင်းများစွာရှိနေနိုင်တာကြောင့် မီးဖိုချောင်းသုံးပစ္စည်းများမှာ အသုံးပြုလိုက်လို့ သန့်ရှင်းသွားသယောင်ထင်ရပေမယ့် ဘက်တီးရီးယားပိုးတွေပြန့်သွားတယ်ဆိုတာကိုတော့ သာမန်မျက်စိနဲ့မမြင်ရလို့ တပ်အပ်မသိနိုင်ပါဘူး။ ဒါကြောင့် မီးဖိုချောင်သုံးအ၀တ်ပိုင်းတွေကို နေ့စဉ်လဲလှယ်မသုံးဖြစ်ရင်တောင် အနည်းဆုံးတစ်ပတ်နှစ်ကြိမ်-သုံးကြိမ်လောက် ရေနွေးပူပူနဲ့ပြုတ်ပြီးလျှော်သင့်တဲ့အပြင် စိုထိုင်းထိုင်းဖြစ်နေတဲ့ အ၀တ်ပိုင်းတွေ၊ လက်သုတ်ပဝါတွေကို ဆက်လက်မသုံးသင့်တော့ဘဲ ချက်ချင်းလျှော်သင့်ပါတယ်။ ဒါ့အပြင် ရေမြှုပ်ကိုလည်း အိုးခွက်ပန်းကန်တွေဆေးပြီးတဲ့အခါ ဆပ်ပြာနဲ့စင်ကြယ်အောင်သန့်ရှင်းပေးပြီး အခြောက်ခံထားသင့်ပါတယ်။

 

CMS

www.drmyanmar.com