/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မေးစေ့ကို-ကြည့်ရုံနဲ့သိနိုင်သော-အချက်များ

မေးစေ့ကို ကြည့်ရုံနဲ့သိနိုင်သော အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. မေးချွန်ခြင်း

            မေးစေ့အရှေ့ကို ချွန်ထွက်နေသူတွေမှာ သန်မာတဲ့ကြွက်သားနဲ့ အရိုးငြမ်းအဖွဲ့ ရှိပါတယ်။ ဒါပေမဲ့ မေးနှစ်ထပ်ဖြစ်နိုင်ခြေ များပါတယ်။

2. မေးခွက်ခြင်း

            မေးခွက်တဲ့သူတွေက ကြွက်သားအားနည်းပြိး အရိုးငြမ်းအဖွဲ့ ပျော့ပြောင်းပါတယ်။ မေးနှစ်ထပ် ဖြစ်နိုင်ခြေများပြီး အရောင် မခွဲခြားနိုင်ခြင်း (colour blindness) ဖြစ်ဖို့ အခြေအနေရှိပါတယ်။ ဒီမေးရိုးမျိုး ပိုင်ဆိုင်တဲ့သူတွေက မွေးကာစမှာ ကိုယ်အလေးချိန် နည်းပါတယ်။

3. မေးရိုးနှစ်ဖက် မညီခြင်း

            မေးရိုးမညီတာက မွေးရာပါ မဟုတ်ပါဘူး။ မွေးပြီးမှ ဖြစ်လာတာ ဖြစ်ပါတယ်။ ကလေးဘဝမှာ ခန္ဓာကိုယ်အပေါ် ဖိအားသက်ရောက်မှုများ ဥပမာ - ပရိုတင်းဓာတ် ချို့တဲ့ခြင်း၊ ဖြည့်စွက်စာ အစောကြီးကျေွးခြင်း၊ သတ္တုဆိပ်များ၊ အဝလွန်ခြင်းနှင့် ဆေးလိပ်သောက်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ မိသားစု များလွန်းခြင်း၊ ဝင်ငွေ မလုံလောက်ခြင်းတွေကြောင့် အာဟာရ ကောင်းကောင်းမရခြင်းနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရလို့ ဖြစ်နိုင်ပါတယ်။

            မေးချွန်၊ မေးခွက် နှစ်မျိုးလုံးက ဘက်မညီတာ ဖြစ်နိုင်ပါတယ်။ လေ့လာမှုအဖြေတွေအရ စစ်ဆေးတဲ့သူ (၄) ယောက်မြောက်မှာ တစ်ယောက်ကို ဒီလို မေးမညီတာ တွေ့ရပါတယ်။ တချို့တွေကတော့ ပညာရှင်မဟုတ်ရင် သာမာန်မျက်စိနဲ့ ကြည့်ရုံနဲ့ မသိသာပါဘူး။ မေးရိုးနှစ်ဖက်မညီတဲ့ လက္ခဏာတွေကတော့ -

  • အစာစားတဲ့အခါ ညာဘက် (သို့) ဘယ်ဘက် တစ်ဖက်ဖက်နှင့် ပိုပြီးဝါးခြင်း
  • အစာကို သွားဖြင့် ကြိတ်ခြေရုံခြေပြီး မဝါးခြင်း
  • အချို့သောသွားများ၏ ကြွေလွှာများ ပိုပြီးသန်မာခြင်း
  • တစ်ခါတစ်ရံ သွားဖုံးမှ သွေးထွက်ခြင်း

4. မေးပြားခြင်း ( နှစ်ဖက်ညီ)

            လေ့လာမှုအရ မေးရိုးနှစ်ဖက်ညီပြီး ပြားခြင်းက အခြားပြင်ပအရာတွေနဲ့ ပတ်ဝန်းကျင်နဲ့ လုံးဝမသက်ဆိုင်တဲ့ မျိုးရိုးဗီဇလက္ခဏာပဲ ဖြစ်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com