မျက်ကပ်မှန်တပ်ဆင်သူတိုင်း ရှောင်ကျဉ်သင့်သောအချက်များ
1. မျက်ကပ်မှန်ကို ဘုံဘိုင်ရေ (သို့) အခြားသောရေတွေနဲ့ မသန့်စင်သင့်ပါ။
2. လက်ကို ခရင်မ်အခြေခံဆပ်ပြာတွေနဲ့ ဆေးကြောခြင်းမပြုသင့်ပါ။ ယင်းဆပ်ပြာများဟာ လက်မှာ ကပ်ကျန်နေစေနိုင်ပါတယ်။
3. မျက်ကပ်မှန်မထည့်မီအချိန်မှာ လက်လိမ်းခရင်မ်မလိမ်းထားသင့်ပါ။ လက်လိမ်းခရင်မ်ဟာ မျက်ကပ်မှန်ကို ပျက်စီးစေနိုင်ပါတယ်။
4. မျက်လုံးအစက်ချဆေးရည်ကို အများပြောတဲ့ တံဆိပ်တွေမသုံးသင့်ပါ။ သင့်မျက်ကပ်မှန်နဲ့မကိုက်ညီ တဲ့ ဆေးရည်ကိုသာ ရွေးချယ်သုံးစွဲပါ။
5. မျက်စဉ်းခပ်မယ့်အချိန်မှသာ ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ မျက်ကပ်မှန်ထည့်တဲ့ဘူးကို ပိုးကင်းဆေးရည်နဲ့ သန့်စင်ပြီး အခြောက်ခံထားသင့်ပါတယ်။
6. မျက်ကပ်မှန်ကို သူငယ်ချင်း၊ မိသားစု၀င်များနဲ့ မျှေ၀အသုံးမပြုသင့်ပါ။ မျက်လုံးပိုး၀င်ရောက်ကူးစက်စေနိုင် ပါတယ်။
7. မျက်ကပ်မှန်ကို ရေနွေးဖြင့် ဆေးကြောခြင်းမပြုသင့်တဲ့အပြင် ရေကူးချိန်မှာလည်း မျက်ကပ်မှန်တပ်ထားရင် မျက်လုံးထဲကို ရောဂါပိုးမွှားများ ၀င်ရောက်နိုင်ခြေများလို့ အထူးဂရုပြုသင့်ပါတယ်။
8. နေမကောင်းဖြစ်နေချိန်မှာ မျက်ကပ်မှန်မတပ်ဆင်သင့်ပါ။
CMS





























