မျက်စိမထိခိုက်ရလေအောင်ဆောင်ရန် ရှောင်ရန် အချက်များ
အိုင်တီခေတ်ကြီးထဲမှာ လူတိုင်းလိုလိုဟာ ကွန်ပြူတာအပြင် စမတ်ဖုန်းတွေနဲ့ နေ့စဉ်ထိတွေ့နေရပါတယ်။ လူ့ခန္ဓာကိုယ်မှာ အရေးပါတဲ့ မျက်လုံးရဲ့လုပ်ငန်းဆောင်တာကလည်း ပိုများလာတယ်လို့ဆိုရမှာပါ။ ဒါ့ကြောင့် မျက်လုံးမထိခိုက်ရလေအောင် ဆောင်ရန်ရှောင်ရန် လိုက်နာရမယ့် အချက်တွေကလည်း လူတိုင်းသိထားသင့်တာအမှန်ပါ။
စာဖတ်တာပဲ ဖြစ်ဖြစ် ကွန်ပြူတာအသုံးပြုတာပဲ ဖြစ်ဖြစ် စမတ်ဖုန်းသုံးတာပဲ ဖြစ်ဖြစ် ဒီအလုပ်တွေဟာ ကိုယ့်ရဲ့ အမူအကျင့်မမှန်ရင် မျက်လုံးကိုထိခိုက်စေပါတယ်။ စာအုပ်ဖတ်တာကအစ ဆုံချက်မှန်ဖို့လိုသလို ဘယ်လိုအကွာအဝေးက ဖတ်မယ်ဆိုရင်မျက်လုံး မညောင်းနိုင်သလဲဆိုတာ သိသာပါတယ်။
ကိုယ့်မျက်လုံး မညောင်းညာရအောင် ထိခိုက်မှုမဖြစ်အောင် ကွန်ပြူတာနဲ့ စမတ်ဖုန်းကို ဘယ်လိုသုံးသင့်တယ်ဆိုတာကလည်း အရေးကြီးပါတယ်။
မျက်လုံးထိခိုက်စေတဲ့ အကျင့်တွေက ဘယ်လိုမျိုးလဲ… မျက်လုံးမထိခိုက်ရအောင် ဘယ်လိုနေသင့်သလဲဆိုတာ ကို မျက်စိအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာဦးတင်ဝင်းက အသေးစိတ်
အကြံပေးပြောကြားခဲ့သမျှ Dr Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ယခုတင်ဆက်နေတဲ့ "မျက်လုံးကျန်းမာရေး" Program ကို iicare မှ အားဖြည့်ကူညီပေးထားခြင်း ဖြစ်ပါတယ်..






























