/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးကပြောနေတဲ့-ကိုယ်ခန္ဓာကျန်းမာရေး-အလေးထားသတိပြုပေး

မျက်လုံးကပြောနေတဲ့ ကိုယ်ခန္ဓာကျန်းမာရေး အလေးထားသတိပြုပေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မျက်လုံးကို ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ် ကျန်းမာရေးကို သိနိုင်မလားဆိုတာက စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ လူတိုင်းဟာ နေ့စဉ်နဲ့အမျှ သက်ဆိုင်ရာနယ်ပယ်အလိုက် အလုပ်တွေကို လုပ်ကိုင်ရင်း အဆင်ပြေအောင် သွားလာ လှုပ်ရှားနေရပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ် ဆိုတဲ့အတိိုင်း လူတစ်ဦး တစ်ယောက်ဟာ ကျန်းမာရေး မကောင်းရင်စိတ်သွားတိုင်း ကိုယ်မပါနိုင်သလို တစ်နည်းအားဖြင့် ဘဝအမောတွေ ပိုများတတ်တာ အမှန်ပဲဖြစ်ပါတယ်။

လူ့ခန္ဓာ အစိတ်အပိုင်းတွေထဲမှာ မျက်စိ နှား နှာခေါင်းစသဖြင့် ဘယ်အစိတ်အပိုင်းမဆို အရေးပါကြတာ အားလုံးအသိပါပဲ။ မျက်လုံးကတော့ လူသားတိုင်းအတွက် မရှိမဖြစ် ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲက အသက်ဝင်ဆုံးအရာတစ်ခုဖြစ်ပါ တယ်။
မျက်လုံးကိုကြည့်တာနဲ့ ကိုယ့်ခန္ဓာကိုယ် ကျန်းမာရေးအခြေအနေ ကို သိနိုင်သလားဆိုရင် အဖြေကတော့ ဟုတ်ပါတယ်လို့ ပြောရမှာပါ။

လူတစ်ယောက်ရဲ့ မျက်လုံးကို ကြည့်ရင်း ဒီလူဟာ သွေးအားနည်းရောဂါရှိနေသလား အသည်းရောဂါဖြစ်နေပြီလားဆိုတာကို မှန်းဆနိုင်ပါတယ်။ အခြားသော ရောဂါ လက္ခဏာတွေကလည်း မျက်လုံးကိုကြည့်ပြီး သိနိုင်တာတွေ ရှိပါတယ်။

မျက်လုံးက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။ ဒီလို မျက်လုံးကပြောတဲ့ ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေတွေကို မျက်စိအထူးကု ပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာ ဦးတင်ဝင်း ပြောကြားခဲ့သမျှကို Dr.Myanmar ပရိသတ်တွေအတွက် တင်ပြလိုက်ပါတယ်။

အားလုံးပဲ ကျန်းမာရေး ဗဟုသုတတွေ နိုးကြားကာ မိမိမျက်လုံးကိုလည်း မပေါ့မဆဘဲ ဂရုစိုက်ဖို့ သင့်ပါကြောင်း စကားပါးလိုက်ချင်ပါတယ်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ယခုတင်ဆက်နေတဲ့ "မျက်လုံးကျန်းမာရေး" Program ကို iicare မှ အားဖြည့်ကူညီပေးထားခြင်း ဖြစ်ပါတယ်..

369789626985229