မျက်လုံးတွေပါနာပြီး ခေါင်းကိုက်နေပါသလား
ခေါင်းကိုက်တယ်လို့ပြောရင် ခေါင်းတစ်ခုတည်း ကိုက်တာမဟုတ်ဘဲနဲ့ နားထင်တွေ၊ နှဖူးတွေကနေပြီးတော့ လည်ပင်း၊ မျက်လုံးအနောက်ဘက်တွေအထိ ကိုက်နိုင်ပါတယ်။
ခေါင်းကိုက်တဲ့အမျိုးအစား အတော်များများမှာ မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်စလုံးရဲ့နောက်မှာ ကိုက်ခဲစေပါတယ်။ ဒီနေရာမှာ ကိုက်ပြီဆိုရင် ကိုက်ခဲတာအပြင် အလင်းကိုမခံနိုင်တာ၊ မျက်လုံး နေလို့မကောင်းတာတွေပါ ဖြစ်တတ်ပါတယ်။
ခေါင်း ဘာကြောင့်ကိုက်တာလဲဆိုတဲ့ အကြောင်းအရင်းကို သိရင်တော့ ကုရတာ လွယ်တာပေါ့။
>> ခေါင်းကိုက်ရင် မျက်လုံးအနောက်ဘက်မှာပါ ကိုက်စေတဲ့ အကြောင်းအရင်းတွေ
1. Tension Headache
ခေါင်းတစ်ခုလုံး (သို့) နှဖူးမှာ တစ်ခုခုနဲ့ ဖိထားသလိုမျိုး တင်းကြပ်ပြီးတော့ ခေါင်းကိုက်တာဖြစ်ပြီးတော့ အဖြစ်အများဆုံး ခေါင်းကိုက်ခြင်းအမျိုးအစား ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပေမယ့်လည်း လူတိုင်းမှာတော့ ဖြစ်နိုင်ပါတယ်။ ဒီလိုခေါင်းကိုက်တာမျိုးက တစ်လကို ၁- ၂ ကြိမ်လောက် ဖြစ်တတ်ပါတယ်။ တစ်လကို ၁၅ ရက်ထက်ပိုပြီး ခေါင်းကိုက်တာက ၃ လထက် ပိုကြာသွားပြီဆိုရင်တော့ နာတာရှည် ခေါင်းကိုက်ဝေဒနာအဖြစ် သတ်မှတ်ပါတယ်။ ဒီလိုခေါင်းကိုက်ရင် မျက်လုံးနောက်ဘက်မှာလည်း ကိုက်တတ်ပါတယ်။
တခြားလက္ခဏာတွေအနေနဲ့ -
● ခေါင်းတွေ နာတာ
● ဦးရေပြားတွေ နာတာ
● လည်ပင်းနဲ့ နဖူးတွေနာတွေလည်း ခံစားရနိုင်ပါတယ်။
Bio Adult 1

2. Cluster headache
ဒါကတော့ ၃-၄ ကြိမ်လောက် ခေါင်းခဏကိုက်တာ ဖြစ်ပါတယ်။ Tension headache လောက်တော့ အဖြစ်မများပါဘူး။ ခေါင်းတစ်ကြိမ်ကိုက်ရင် ၁၅ မိနစ်ကနေပြီးတော့ တစ်နာရီလောက်အထိ ကြာတတ်ပါတယ်။
တခြားလက္ခဏာတွေအနေနဲ့-
● မျက်လုံးနီရဲခြင်း
● မျက်လုံးရောင်ခြင်း
● မျက်ရည်တွေ အလွန်အကျွံကျခြင်းတွေ ဖြစ်တတ်ပါတယ်။
3. ခေါင်းတစ်ခြမ်းကိုက်ခြင်း
တစ်ကြိမ်ကိုက်ရင် နာရီပိုင်းကနေ ရက်ပိုင်းအထိ ကြာတတ်တဲ့အတွက်ကြောင့် တခြားခေါင်းကိုက်တာတွေထက် ပိုဆိုးပါတယ်။ အရမ်းဆိုးလာရင် ဘဝအရည်အသွေးအပေါ်မှာပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။
ခေါင်း အရမ်းထိုးကိုက်တာအပြင် -
● အလင်းဒဏ်ကို မခံနိုင်ခြင်း
● မျက်လုံးကိုက်ခြင်း
● မူးဝေခြင်း
● ပျို့ခြင်း
● အားနည်းခြင်း
● အန်ခြင်း
● အမြင်အာရုံ မကောင်းခြင်း
● စိတ်အတက်အကျများခြင်း
စတဲ့လက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။
Bio Adult 2

4. မျက်လုံးအာရုံစိုက်ရတာ များခြင်း
အမြင်အာရုံပြဿနာတွေကို မဖြေရှင်းတဲ့အခါမှာလည်း ခေါင်းကိုက်တာ၊ မျက်လုံးကိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ တီဗွီအကြည့်များလို့၊ ကွန်ပျူတာတွေ၊ ဖုန်းတွေသုံးတာများလို့ မျက်လုံးဒဏ်ဖြစ်ရင် (သို့) အဝေးမှုန်တာကို မသိလို့ မျက်လုံးအာရုံစိုက်ရတာများရင် ဦးနှောက်ကို လှုံ့ဆော်မှုများစေပါတယ်။ ဒီလိုလှုံ့ဆော်မှုတွေကြောင့် ဦးနှောက်နဲ့ မျက်လုံးကနီးတော့ အမြင်အာရုံမကောင်း ဖြစ်စေပြီးတော့ ခေါင်းကိုက်စေပါတယ်။
ခေါင်းကိုက်တာ၊ မျက်လုံးကိုက်တာတွေ ဖြစ်စေတဲ့ တခြားမျက်လုံးနဲ့ဆိုင်တဲ့ အခြေအနေတွေကတော့ -
● မျက်လုံးအဖြူသားရောင်ခြင်း
● မျက်လုံးအာရုံကြောရောင်ခြင်း
● Graves’ disease
● မျက်လုံးတိမ်ဆွဲခြင်း
5. ဦးခေါင်းခွံမှာရှိတဲ့ အခေါင်းပေါက်လေးတွေ ရောင်ခြင်း
ဒီအခါမှာ နှာပိတ်စေပြီးတော့ ခေါင်းလည်း ကို်က်စေပါတယ်။ ပြီးတော့ နဖူး၊ ပါးပြင်နဲ့ မျက်လုံးတွေနောက်မှာ တစ်ခုခုနဲ့ ဖိထားသလိုမျိုးလည်း ခံစားရစေပါတယ်။
တခြားလက္ခဏာတွေကတော့ -
● နှာရည်ယိုခြင်း
● အပေါ်သွားတွေ ကိုက်ခြင်း
● ပင်ပန်းနွမ်းနယ်ခြင်း
● အိပ်လိုက်ရင် နာကျင်ကိုက်ခဲတာတွေ ပိုဆိုးလာခြင်း
တို့ဖြစ်ကြပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
1. Tension Headache
တခွားလက်ခဏာတှအေနနေဲ့ -
2. Cluster headache
တခွားလက်ခဏာတှအေနနေဲ့-
စတဲ့လက်ခဏာတှကေိုပါ ခံစားရနိုငျပါတယျ။
● Graves’ disease
တခွားလက်ခဏာတှကေတော့ -
Dr. Mya Myo Myo Swe (www.drmyanmar.com)






























