/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်သားခြောက်သွေ့ခြင်းကို-ဘယ်လိုကာကွယ်နိုင်သလဲ

မျက်သားခြောက်သွေ့ခြင်းကို ဘယ်လိုကာကွယ်နိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.       မျက်လုံးအတွင်းသို့ လေနှင့် တိုက်ရိုက် ထိတွေ့မှုနည်းအောင် ဂရုစိုက်ပါ။ ဆံပင်အခြောက်ခံစက်၊ လေအေးပေးစက်၊ ပန်ကာတို့မှ လွှင့်လာတဲ့လေနှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိစေရန် သတိပြုပါ။

2.       အခန်းမှာ လေက ခြောက်သွေ့နေရင် မကောင်းတာကြောင့် လေထုထဲတွင် စိုထိုင်းစ ပြည့်၀နေစေရန် ရေငွေ့ထုတ်လွှတ်စက် အသုံးပြုပါ။

3.       နေကာမျက်မှန် တပ်ရာမှာလည်း မျက်လုံးအိမ်တစ်၀ိုက်လုံး လွှမ်းခြုံစေရန် အဖျားများတွင် ကွေးညွတ်ထားတဲ့ Wrap around, Sunglasses မျိုးစုံကို ရွေးချယ် တပ်ဆင်ပါ။ ဒါ့အပြင် လေထုနှင့် မျက်လုံး တိုက်ရိုက်ထိတွေ့မှု မရှိစေရန် Safety Shields ကဲ့သို့သော အကာအကွယ်တွေကို မျက်မှန်ထိပ်ပိုင်းနှင့် ဘေးဘက်တွေမှာ တပ်ဆင်နိုင်ပါတယ်။

4.       မျက်စိကို အနားပေးပါ။ မျက်ရည်တွေ မျက်၀န်းတစ်၀ိုက် ပျံ့နှံ့သွားစေရန် မကြာခဏ မျက်တောင်ခတ်ပေးပါ။ ကွန်ပျူတာမျက်နှာပြင်အား တစ်ချိန်လုံး ကြည့်နေခြင်းကို ရှောင်ရှားပါ။

5.       ပတ်၀န်းကျင်ကို သတိပြုပါ။ တောင်ပေါ်ဒေသ၊ ကန္တရနှင့် လေယာဉ်ပျံအတွင်းရှိ လေထုဟာ အလွန်အမင်း ခြောက်သွေ့လွန်းတာကြောင့် မျက်စိအတွင်းရှိ ရေငွေ့များ အငွေ့ပျံခြင်းကို ကာကွယ်နိုင်ရန် မျက်စိကို မိနစ်အနည်းငယ်ခန့် မကြာခဏ ပိတ်ပေးပါ။

6.       ကွန်ပျူတာမျက်နှာပြင်ဟာ ကိုယ့်မျက်စိအောက် နိမ့်နေပါစေ။ ကွန်ပျူတာမျက်နှာပြင်က မြင့်နေတဲ့အခါမျိုးမှာ မျက်စိကျယ်ကျယ် ဖွင့်ထားပြီး ကြည့်ရတာကြောင့် မျက်ရည်များ အငွေ့ပျံနှုန်းကို မြန်စေပြီး မျက်သား ခြောက်စေပါတယ်။

7.       ဆေးလိပ်သောက်ခြင်းက မျက်သားခြောက်ေ၀ဒနာကို ပိုမိုဆိုးဝါးစေတာကြောင့် ဆေးလိပ်ဖြတ်နိုင်ရန် ကြိုးစားပါ။ ကိုယ်တိုင် မသောက်ပါက ဆေးလိပ်ငွေ့ မရှူရှိုက်မိစေရန် သတိပြုပါ။

8.       မျက်ရည်တု ပုံမှန်အသုံးပြုပါ။ မကြာခဏ မျက်သားခြောက်တဲ့သူ ဖြစ်ပါက မျက်သားခြောက်မှ မျက်စဉ်း ခတ်တာမျိုးမဟုတ်ဘဲ မျက်သားချောမွတ်စေဖို့ ပုံမှန်အသုံးပြုပေးသင့်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)