/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မွေးရာပါနှုတ်ခမ်းကွဲ၊-အာခေါင်ကွဲခြင်း

မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။

1. ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာရိုက်တဲ့ အာထရာဆောင်းမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ရှိ/မရှိသိနိုင်တာကြောင့် မိဘတွေအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးငယ်မှာ အာခေါင်ကွဲခြင်းတခုသာရှိမယ်ဆိုရင်တော့ အာထရာဆောင်းရိုက်ပေမယ့်လည်း သိနိုင်ဖို့ခဲယဉ်းပါတယ်။ အာခေါင်ကွဲခြင်းတခုသာရှိတဲ့ကလေးငယ်တွေရဲ့ ခုနစ်ရာခိုင်နှုန်းကသာ မမွေးခင်ကြိုတင်စစ်ဆေးခြင်းဖြင့် သိရှိတာဖြစ်ပါတယ်။

2.နှုတ်ခမ်းကွဲခြင်းကို အသက် 3 လအရွယ်ကစပြီး ခွဲစိတ်ပြုပြင်နိုင်ပါတယ်။ အာခေါင်ကွဲခြင်းကိုတော့ တစ်နှစ်အရွယ်ရောက်မှသာ ပြုပြင်ကြပါတယ်။ ကုထုံးတွေဟာလည်း အချိန်နှင့်အမျှတိုးတက်လာတာကြောင့် အမာရွတ်ကျန်ရစ်နေမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။

3.မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲချို့ယွင်းမှုဖြစ်နိုင်ချေဟာ ယောကျာ်းလေးတွေမှာ (2) ဆပိုများပါတယ်။ ဒါ့အပြင် ကလေးငယ်တွေမှာ နှုတ်ခမ်းကွဲခြင်းတမျိုးတည်းထက် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ နှစ်မျိုးတွဲဖြစ်ဖို့ အလားအလာက 2 ဆပိုများပါတယ်။

4.မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ချို့ယွင်းချက်ရှိတဲ့ကလေးငယ်တွေဟာ အခြားကလေးငယ်များနည်းတူ ဘဝကို ပျော်ရွှင်အောင်မြင်စွာဖြတ်သန်းဖို့စွမ်းရည်တွေရှိကြပါတယ်။

          ဒါဟာမိဘတိုင်းသိထားသင့်တဲ့အချက်တခုဖြစ်ပါတယ်။ မွေးရာပါချို့ယွင်းချက်ရှိတာကြောင့် မိမိကလေးအတွက် စိတ်ပူပန်ပြီး စိတ်မကောင်းဖြစ်နေစရာမလိုပါဘူး။ သူတို့လေးတွေဟာ အခြားကလေးများနည်းတူ ပုံမှန်ကြီးထွားဖွ့ံဖြိုးနိုင်ပြီး ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com