/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မှိုဆိပ်သင့်ခြင်းအကြောင်း-သိကောင်းစရာ

မှိုဆိပ်သင့်ခြင်းအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မှိုတွေလှိုင်လှိုင်ပေါတဲ့ ခုလိုမိုးရာသီမျိုးမှာ မြန်မာလူမျိုးတွေအနေနှင့် မှိုမျိုးစုံကို ဈေးမှာဝယ်ယူနိုင်တဲ့အတွက် မှိုချစ်သူတွေအတွက်တော့ ဝမ်းသာစရာပါပဲ။ မှိုမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ဓာတ်တွေ ပါဝင်တာမှန်ပေမယ့် အဆိပ်ပြင်းမှိုတွေကို စားမိမယ်ဆိုပါက မှိုဆိပ်သင့်စေတတ်တာလည်း သတိပြုစရာဖြစ်ပါတယ်။

>>  မှိုဆိပ်သင့်ကြောင်း ပြသနေတဲ့ လက္ခဏာတွေအနေနှင့်
●  ပြင်းထန်သောဗိုက်အောင့်ခြင်း
●  ပျို့ခြင်း၊ အန်ခြင်း
●  ဝမ်းပျက်ခြင်းတို့ဖြစ်ပြီး စားမိတဲ့ပမာဏပေါ် မူတည်ပြီး လက္ခဏာတွေ ပြင်းထန်မှု ကွာခြားနိုင်ပါတယ်။ အဆိပ်ပြင်းသောမှိုကို စားမိပြီးနောက် ၆ နာရီကနေ ၂၄ နာရီအတွင်း အထက်ပါလက္ခဏာတွေကို စတင်ခံစားရမှာ ဖြစ်ပါတယ်။
အဆိပ်ပြင်းမှိုစားမိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာ ၂ ရက်ကနေ ၄ ရက်လောက်အကြာမှာ သက်သာသွားနိုင်ပေမယ့် အသည်းပျက်စီးစေခြင်းကြောင့် ၂ ပတ်လောက်အကြာမှာ အသက်သေဆုံးသည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။

>>  ဘယ်သူတွေမှာ မှိုအဆိပ်သင့်နိုင်တဲ့ အလားအလာပိုများသလဲ?
●  ကလေးငယ်များ
●  အချက်အပြုတ်ဝါသနာပါသူများ
●  နိုင်ငံခြားသို့လည်ပတ်သူများ
●  အိမ်မွေးတိရစ္ဆာန်များ

>>  မှိုဆိပ်သင့်ခြင်းကို ဘယ်လိုကာကွယ်မလဲ?
●  တွေ့ကရာမှိုများကို ခူးစားခြင်းမပြုသင့်ပါ။
●  စိတ်ချရသော ဆိုင် သို့မဟုတ် စူပါမားကတ်တွင် ရောင်းသောမှိုများကိုသာ ဝယ်ယူပါ။
●  အဆိပ်ပြင်းသောမှိုများကို ရေဆေးပြီး ချက်ခြင်း သို့မဟုတ် အခွံခွာခြင်းပြုလုပ်ရုံဖြင့် အဆိပ်ပြယ်မည်မဟုတ်ပါ။
●  အိမ်နှင့်အနီးတစ်ဝိုက်တွင် အလေ့ကျမှိုများပေါက်နေပါက ကလေးများ ခူးစားနိုင်တာမို့ သတိထားသင့်ပါတယ်။
●  မိသားစုဝင်များကိုလည်း အဆိပ်ပြင်းမှိုစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ပြောပြပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)