ယမကာသောက်သုံးမှုလျော့ချခြင်းဖြင့် အသည်းရောဂါကာကွယ်နိုင်
အင်္ဂလန်နိုင်ငံတွင် ပဉ္စမမြောက်သေဆုံးမှု အများဆုံး ရောဂါမှာ အသည်းရောဂါဖြစ်သည် ဟု လေ့လာမှုများအရ သိရှိရပါတယ်။ အဆိုပါရောဂါဖြင့်သေဆုံးသူများသည် အရက်နှင့်ဆက်နွယ်သော အသည်းရောဂါဖြစ်သည်ဟု ယူဆရသော်လည်း အရက်သောက်သုံးမှု အနည်းအများအပေါ်တွင် မူတည်သည်ဟု လေ့လာသူတို့ကဆိုပါတယ်။
၀ိုင် (သို့) ဘီယာ တစ်ခွက်ထက်ပို၍ နေ့စဉ်ရက်ဆက်သောက်ခြင်းသည် အသည်းကို ထိခိုက်စေနိုင်ကြောင်းသိရပြီး အသည်းရောဂါနှင့် သေဆုံးရခြင်းမှကာကွယ်ရန် နေ့စဉ် အရက်သောက်ခြင်း မှ ရှောင်ကျဉ်သင့်ပြီး၊ ဆေးဝါးအဖြစ်သာ ရံဖန်ရံခါသောက်သင့်ကြောင်းနှင့် အရက်စွဲနေသူဖြစ်ပါကလည်း အသည်းပြန်လည်အားကောင်းလာစေရန်အတွက် ဆရာ၀န်နှင့်တိုင်ပင်၍ အချိန်အတိုင်းအတာတစ်ခုအထိ လုံး၀ရှောင်ကျဉ်သင့်ကြောင်း သုံးသပ်လေ့လာဖော်ပြထားတယ်။
ထို့အပြင် အသည်းရောဂါဖြစ်နိုင်ချေသည် ခန္ဓာကိုယ်အလေးချိန်၊ အသည်းရောဂါဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု၊ ဟော်မုန်းဆေးဝါးများနှင့်လည်း ဆက်စပ်မှုရှိသည်ဟု လေ့လာမှုအရသိရှိရပါတယ်။
Cho Thet
Cho Thet






























