ယူရစ်အက်ဆစ် လျှော့ချဖို့ ...
ယူရစ်အက်ဆစ်ဆိုတာ ဂေါက်အဆစ်အမြစ်ရောင်ရောဂါကို ဖြစ်စေတဲ့တရားခံပါ။ Purine ဓာတ်ပါတဲ့ အစားအသောက်တွေကို ဖြိုခွဲရာကနေ ထွက်လာတဲ့ အမှိုက်တစ်မျိုးပေါ့။ ဒီလို ယူရစ်အက်ဆစ်တွေ များလာတာဟာ ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်သေးတယ်။ ဒါကြောင့် ယူရစ်အက်ဆစ် လျှော့ချဖို့ ဒီအစားအသောက်တွေကို စားပေးလို့ရတယ်နော်။
● ငှက်ပျောသီး : ငှက်ပျောသီးကို ၄၊ ၅ရက်လောက် ပုံမှန်စားပေးရင် သတိထားမိလာမှာပါ။
● ချော့ကလက်အခါး : ချော့ကလက်အခါးမှာပါတဲ့ ကိုကိုးစေ့ဟာ ယူရစ်အက်ဆစ်ကို ကျစေတယ်။
● အာလူး : အာလူးကို နည်းနည်းလေးပြုတ်ပြီး မချက်ဘဲ စားကြည့်ပါ။
● ကြက်ဥ : ကြက်ဥမှာ Purine နည်းပြီး ပရိုတင်းများတာကြောင့် အာဟာရလည်းပြည့်ဝတယ်။ ဒါပေမဲ့ ကိုလက်စထရောတော့ အများကြီးပါလို့ တစ်ပတ်ကို ၂ လုံး၊ ၃ လုံးလောက်ပဲ စားသင့်ပါတယ်။
● မပြုပြင်ထားတဲ့ ဂျုံ၊ နှံ၊ ပြောင်း : ကစီဓာတ်ကို ပြည့်ဝစေပြီး ယူရစ်ဓာတ်ကို နည်းစေတယ်။
● ကြက်သွန်နီ : မီးဖိုချောင်မှာ မရှိမဖြစ်ကြက်သွန်နီဟာ ယူရစ်ဓာတ်ကို လျှော့ချပေးရာမှာလည်း မရှိမဖြစ်ပဲနော်။ ဒါတင် ဘယ်ကမလဲ။ သွေးကြောတွေ မမာလာအောင်လည်း တားပေးသလို သွေးတွင်း အဆီဓာတ်တွေကိုလည်း ကျစေနိုင်သေးတယ်။
● သခွားမွှေးသီး : သခွားမွှေးသီးမှာ ဆီးသွားစေတဲ့အစွမ်းရှိလို့ ယူရစ်ဓာတ်တွေကို ဆီးထဲမှာ ပါသွားစေနိုင်တယ်။
● ကြက်သား : အနီရောင်အသားတွေက ယူရစ်ဓာတ်ကို တက်စေနိုင်ပေမယ့် ကြက်သားကတော့ ယူရစ်မပါဘဲ ပရိ်ုတင်းတွေ ကြွယ်ဝတယ်နော်။ ဒါပေမဲ့ ကြက်ကြော်မစားဘဲ ကင်စား၊ ပြုတ်စား၊ ဖုတ်စားပါနော်။
● မုန်လာဥနီ : Purine ဓာတ်နည်းတဲ့အပြင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ အကောင်းဆုံးအသီးပါပဲ။
● အသီးအရွက်ဖျော်ရည် : မနက်တိုင်း သောက်ပေးရင် ယူရစ်ဓာတ်ကို ကျစေလိမ့်မယ်။
● ငါး : တူနာ၊ မက်ကရယ်၊ ဆယ်လ်မွန်၊ ဆာဒင်း၊ ငါးသလောက် စသဖြင့် ငါးတွေကို တစ်နေ့တစ်ကြိမ် စားပေးရင် ဂေါက်ရောဂါကို သက်သာစေတယ်နော်။
● အစေ့အဆံများ : အစေ့အဆံတွေဟာ Purine ဓာတ်နည်းပြီး ကစီဓာတ်ကြွယ်ဝပါတယ်။
● ကော်ဖီ : ကော်ဖီကို ပုံမှန်ပမာဏလောက် သောက်ပေးတာက ဂေါက်ရောဂါကို ကာကွယ်ပေးနိုင်တယ်တဲ့။
● အဆီနည်း နို့နဲ့ နို့ထွက်ပစ္စည်းများ : တစ်နေ့ နို့နဲ့ နို့ထွက်ပစ္စည်း ၄ ကြိမ်လောက် စားပေး၊ သောက်ပေးပါ။
● သခွားသီး : သခွားသီးလည်း တူတူပါပဲနော်။ ရေဓာတ်များတဲ့ အသီးတစ်မျိုးပါပဲ။
● ပန်းဂေါ်ဖီစိမ်း : Purine ဓာတ်နည်းသလို ယူရစ်ဓာတ်ကိုလည်း လျှော့ချပေးနိုင်တယ်။
● နှမ်းကြတ်စေ့ဆီ : ကိုလက်စထရောကျစေခြင်း အရောင်ကျစေခြင်း၊ ယူရစ်အက်ဆစ်ကိ ုကျစေခြင်း စတဲ့ အစွမ်းတွေရှိတယ်။
● ပဲစိမ်းဖျော်ရည် : ခန္ဓာကိုယ်အတွက် ကောင်းတဲ့ဓာတ်တွေ အများကြီးပါပြီး ယူရစ်အက်ဆစ်ကို လျှော့ချနိုင်လု့ိ အကောင်းဆုံးပါပဲ။
● နံနံစေ့ : မကောင်းတဲ့ဓာတ်တွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားနိုင်လု့ိ နေ့တိုင်း စားပေးနိုင်ရင် ပိုကောင်းတယ်နော်။
● ပဲကြားစေ့ : ဖော်လစ်အက်စစ်များပြီး ယူရစ်ဓာတ်ကို သိသိသာသာ လျှော့ချပေးနိုင်တယ်။
● အမျှင်များတဲ့ အစားအသောက်တွေ : ဘာလေ၊ သခွားသီး၊ သစ်တော်သီး၊ ပန်းဂေါ်ဖီစိမ်း၊ နံနံပင်၊ မုန်လာဥနီ၊ လိမေ္မာ်သီး စသဖြင့် အမျှင်များတဲ့ အစားအသောက်တွေဟာ ယူရစ်ဓာတ်ကို လျော့နည်းစေတယ်။
● လက်ဖက်ရည်စိမ်း : ယူရစ်အက်ဆစ်ကို နည်းစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
● အိုမီဂါ ၃ : အိုမီဂါ ၃ ပါတဲ့ တူနာ၊ ဆာဒင်း စသဖြင့် ငါးတွေဟာ အရောင်ရမ်းကျစေနိုင်စွမ်း ရှိတယ်။
● သံလွင်ဆီ : သံလွင်ဆီနဲ့ အစားအသောက်တွေကို ချက်ပြုတ်တာဟာ ကျန်းမာရေးကို အထူးကောင်းမွန်စေနိုင်တယ်။
● သံပရာရည် : မနက်တိုင်း သံပရာရည် သောက်တာဟာ ယူရစ်အက်ဆစ်များတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။
● ပန်းသီးရှာလကာရည် : ဒီပန်းသီးရှာလကာရည်ဟာ ကိုယ်အလေးချိန် ကျစေရုံတင်မကဘူးနော်။ အင်တီအောက်စီဒန့်နဲ့ အရောင်ကျစေနိုင်စွမ်းလည်း ရှိတယ်။
● ချယ်ရီသီး : ယူရစ်အက်ဆစ်တွေအဆစ်မှာ မပုံလာစေဖို့ ကာကွယ်ပေးနိုင်တယ်။
● ဗီတာမင်စီ : ဗီတာမင်စီ ကြွယ်ဝတဲ့အစားအသောက်တွေဟာ ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ်ကို ထိန်းညှိပေးတယ်။
● ပန်းသီး : ပနး်သီးမှာပါတဲ့ မယ်လစ်အက်ဆစ်ဟာ ယူရစ်ဓာတ်ကို ချေဖျက်ပေးပြီး ရောင်ရမ်းတာတွေကို ကျစေနိုင်တယ်။
● အသီးအရွက်တွေ : ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် ထုတ်လုပ်မှုကို ကျစေနိုင်တယ်။
နောက်ဆုံးပြောချင်တာက ရေများများ သောက်ပါ။ ဒါက အရေးအကြီးဆုံးပါပဲနော်။
ပြီးတော့ ဂေါက်ရောဂါ ရှိပြီးသားလူတွေမှာတော့ ကဖိန်းနဲ့ အရက်များတာတွေကို ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























