ရင်ပူခြင်းအကြောင်း
ရင်ပူတယ်ဆိုတာဟာ ရင်ညွန့်ရိုးနောက်နားက ပူပူလောင်လောင်ခံစားချက်တစ်မျိုး ဖြစ်ပါတယ်။ ဒီလိုရင်ပူတာဟာ အစာအိမ်ထဲက အက်ဆစ်အချဉ်ဓာတ်တွေ အစာပြွန်ထဲ ပြန်ဝင်လာတာကြောင့် ဖြစ်တတ်ပါတယ်။ ပုံမှန်ဆိုရင် အစာတွေဝင်လာတဲ့အခါ အစာပြွန်မျှော့ကြိုးကပြေလျော့ပေးပြီး အစာတွေ အကုန်အစာအိမ်ထဲ ရောက်သွားရင် ပြန်လည်တင်းထားလေ့ ရှိပါတယ်။
ဒီလိုအစာပြွန်မျှော့ကြိုး ပုံမမှန်တဲ့အခါ အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကို ပြန်ဆန်တက်လာပါတော့တယ်။ ဒီအခါ ရင်ပူခြင်း ခံစားတတ်ရပါတယ်။ များသောအားဖြင့် နေထိုင်မှုပြောင်းလဲလိုက်တာနဲ့ ဆေးဝါးတွေ သောက်လိုက်ရုံနဲ့ သက်သာသွာလေ့ရှိကြပေမယ့် တချို့တွေမှာတော့ မကြာမကြာ ပိုဖြစ်လာတာ၊ နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်လာတာမျိုးရှိရင်တော့ ဆရာဝန်နဲ့ ပြရပါမယ်။
>> ရောဂါလက္ခဏာတွေအနေနဲ့ -
● အစာစားပြီးချိန်နဲ့ ညဘက်တွေမှာ ရင်ဘတ်ထဲက ပူပူကြီးခံစားရတာ
● လှဲအိပ်လိုက်ရင် (သို့) ရှေ့ကုန်းလိုက်ရင် ပိုဆိုးလာတာ
● ပါးစပ်ထဲ ခါးခါးကြီး (သို့) ချဉ်ချဉ်ကြီးဖြစ်နေတာ စတာတွေဖြစ်တတ်ပါတယ်။
Kremil-S 1
>> တချို့အစားအသောက်တွေက ရင်ပူတာကို ပိုဆိုးစေနိုင်ပါတယ်။
● အစပ်
● ကြက်သွန်နီ
● ချဉ်တဲ့အစားအသောက်တွေ
● ခရမ်းချဉ်သီးနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေ
● ဆီကြော်မုန့်တွေ
● ပူစီနံ
● ချော့ကလက်
● အရက်၊ ဂတ်စ်ပါတဲ့အချိုရည်တွေ၊ ကဖိန်းပါတဲ့သောက်စရာတွေ
● အစားများခြင်း
အဝလွန်နေခြင်းနဲ့ ကိုယ်ဝန်တို့က ရင်ပူခြင်းဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။
ဒီလို ရင်ပူတာ ခဏခဏခံစားလာရရင် အစာပြွန်အချဉ်ပြန်ရောဂါလို့ခေါ်ပြီး ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ဒီရောဂါဟာ အစာပြွန်ကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပြီး အစာပြွန်အကြိုကင်ဆာအဆင့်အထိကို ရောက်စေနိုင်ပါတယ်။
Kremil-S 2
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြရမလဲ?
ရင်ဘတ် ဆိုးဆိုးရွားရွားအောင့်နေ၊ လေးနေပြီး လက်မောင်းတွေ၊ မေးရိုးတွေထိအောင့်တာ၊ အသက်ရှူကြပ်တာတွေရှိနေရင် ဆရာဝန်နဲ့ ချက်ချင်းပြရပါမယ်။
တကယ်လို့ ရင်ဘတ်အောင့်တာ တစ်ပတ် ၂ ကြိမ်ထက် ပိုဖြစ်နေရင်၊ ကိုယ့်ဟာကိုယ် ဆေးဝယ်သောက်ရင်း မသက်သာရင်၊ အစာမြိုရခက်ခဲနေရင်၊ ဆက်တိုက်ပျို့အန်နေရင်၊ အစားအသောက်ပျက်၊ အစာမဝင်ဘဲ ပိန်လာရင် ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























