/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရင်ပူစေသော-အစားအသောက်များ

ရင်ပူစေသော အစားအသောက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အချို့သောအစားအစာတွေက အစာရေမျိုအောက်ပိုင်းရှိ ရှုံ့ကြွက်သားကိုပျော့ပျောင်းစေပြီး အစာအိမ်အတွင်းရှိအက်ဆစ်ကို အပေါ်သို့ဆန်တက်ရန် အားပေးတာကြောင့် ရင်ပူတဲ့ဝေဒနာကိုဖြစ်စေပါတယ်။ ဒီအစားအစာတွေကတော့

1. အယ်ကိုဟောပါဝင်သောအဖျော်ယမကာများ

2. ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စပ်သောအစားအစာများ

3. ချောကလက်

4. အချဉ်ဓာတ်ရှိသောသစ်သီးများ

5. ကဖင်းဓာတ်ပါသော ဖျော်ရည်များ

6. ပူရှိန်း

7. ခရမ်းချဉ်သီး

ဘယ်လိုသက်သာအောင်လုပ်မလဲ

          လူတစ်ယောက်နဲ့တစ်ယောက်ပေါ်မူတည်ပြီး အခြေအနေကွဲပြားနိုင်တာကြောင့် အထက်ပါအစားအစာများစားသုံးသော်လည်း ရင်ပူခြင်းကိုမခံစားရပါက ရှောင်ရှားဖို့မလိုပါဘူး။

1. အစာစားပြီးနောက် ရင်ပူခြင်းကို ရှောင်ရှားနိုင်ရန် အစားအလွန်အကျွံစားခြင်းကိုရှောင်ရှားပါ။

2. တနေ့ကိုငါးကြိမ်မှ ခြောက်ကြိမ်အထိ ခွဲပြီးစားပါ။

3. ညအိပ်ရာဝင်ခါနီး အစာစားခြင်းကိုရှောင်ကြဉ်ပါ။

4. ညအိပ်ရာဝင်ချိန်နှင့် အစာစားချိန်အနည်းဆုံး 2 နာရီခွာထားပါ။

5. အစာစားပြီးနောက် လဲလျောင်းခြင်းကရင်ပူခြင်းကို ပိုမိုဆိုးဝါးစေပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com