ရင်သွေးလေးယူဖို့ ကြိုးစားနေသော စုံတွဲတွေ စားသင့်သောအစာများနှင့် ရှောင်သင့်သောအစာများ
>> စားသင့်သောအစားအစာများ
● အသင့်စားနိုင်ရန် ပြုလုပ်ထားသော အစားအစာတွေအစား သန့်ရှင်းလတ်ဆတ်သော အော်ဂဲနစ်အစားအစာများကို ဦးစားပေး စားသင့်ပါတယ်။ အသီးအရွက်များ၊ သစ်သီးများနှင့် အဆီနည်းသောအသားတွေကို စားသုံးပါ။
● အုန်းဆီ၊ သံလွင်ဆီ၊ အဆီပါသောငါးများနှင့် အစေ့အဆံများ၊ ထောပတ်သီးစတဲ့ ကျန်းမာစေသောအဆီဓာတ်ရစေမယ့် အစားအစာတွေကို ရွေးချယ်ပါ။
● ကြက်ဥများ၊ အသားများ၊ ငါး၊ ဆန်နှင့် ပဲအမျိုးမျိုးတို့ကရသော ပရိုတင်းကို နေ့စဉ်စားသုံးပါ။
● ၃-၄ နာရီခြား အဆာပြေစာ စားခြင်းဖြင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိနိုင်ပါတယ်။
>> ရှောင်သင့်သောအစာများ
● အရက်ကို တစ်ပတ်လျှင် အများဆုံး ၆ ပတ်သာ သောက်သင့်ပါတယ်။ ရှောင်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။
● ကော်ဖီ အလွန်အကျွံသောက်ခြင်းကို ရှောင်သင့်ပါတယ်။
● ဆေးလိပ်သောက်ခြင်းဟာ မျိူးပွားခြင်းအတွက် အရေးပါတဲ့ antioxidant တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီများကို နည်းပါးစေပြီး သုတ်ပိုးတွေရဲ့ လှုပ်ရှားမှုကိုလည်း တားမြစ်ပေးတဲ့အတွက် ဆေးလိပ်ဖြတ်သင့်ပါတယ်။
သားသမီးရတနာရလိုသူ စုံတွဲတွေအနေနှင့် အထက်ပါအချက်များအတိုင်း လိုက်နာစားသောက်ခြင်းဖြင့် ရင်သွေးလေးရရှိစေဖို့ အထောက်အကူဖြစ်မှာ အသေအချာပါပဲနော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























