ရာသီအေးအေး နဲ့ ကျန်းမာရေး
ချမ်းအေးတဲ့ ဟေမာန်ဆောင်းကို တကျော့ပြန်ရောက်လာပြန်ပါပြီ။ အခုချိန်မှာ ရာသီဥတု အေးလာတာနဲ့အမျှ ကိုယ့်ကျန်းမာရေးအတွက် ပိုပိုစိုးရိမ်လာကြမယ်လို့ ထင်ပါတယ်။ အများစု သတိမပြု မိတဲ့အချက်ကတော့ ရာသီဥတုအေးမြခြင်းဟာလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်တယ် ဆိုတာပါပဲ။
၁။ အအေးဓာတ်က ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။
အရိုးခိုက်အောင် အေးခဲနေတာမျိုးမဟုတ်ဘဲ ချမ်းစိမ့်စိမ့်ရာသီဥတုလေးက လူတိုင်းကို စောင်ခြုံပြီး ကွေးချင်စိတ်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
၂။ ပိုပြီး စားကောင်းသောက်ဝင် ဖြစ်လာစေပါတယ်။
ဥရောပ ကျန်းမာရေးနှင့် အစာအာဟာရဂျာနယ်မှ လေ့လာသုံးသပ်ချက်အရ ဆောငး်ရာသီမှာ ရာသီဥတုအေးလာေလေ၊ စားချင်သောက်ချင်စိတ်တွေ ပိုပိုတက်လာလေလေလို့ ဆိုထားပါတယ်။
နောက်ထပ် လေ့လာမှု တစ်ခုမှာတော့ ရာသီအေးအေးမှာ လေ့ကျင့်ခန်းပြု လုပ်ခြင်းဟာ ပုံမှန်ထက် ဆာလောင်မွတ်သိပ်စေတယ် လို့ဖော်ပြထားပါတယ်။
၃။ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။
ဒီလိုအစာစားချင်စိတ် ပိုမိုများပြားလာတာကြောင့် သင်ဝလာမှာကို စိုးရိမ်နေပါသလား။ မပူပါနဲ့။ အအေးဓာတ်က ကိုယ်အလေးချိန်ကို လျော့ချပေးဖို့လည်း တာဝန်ယူပါသေးတယ်။
၄။ ချမ်းတုန်ခြင်းက ပိုလျှံနေတဲ့ ကိုယ်အေလးချိန်ကို ကျဆင်းစေနိုင်ပါတယ်။
ချမ်းတုန်ခြင်းဟာ အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့ အကောင်းဆုံးသော လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အအေးထဲမှာ ၁၅မိနစ်ခန့်မျှ ချမ်းတုန်နေခြင်းဟာ တစ်နာရီကြာမျှ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
၅။ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။
ကလေးဘဝက ဆော့ကစားရင်း ထိခိုက်မိတဲ့အခါမျိုးမှာ လူကြီးတွေက အရောင်ကျအောင် ရေခဲကပ်ခိုင်းတာကို သတိရကြမှာပါ။ ဒီလိုပါပဲ။ ရာသီဥတုအေးမြခြင်းက ရောင်ရမ်းနာကျင်တာတွေကို လျော့ကျသက်သာစေနိုင်ပါတယ်။
၆။ စိတ်ခံစားမှုနဲ့ တီထွင်ဖန်တီးနိုင်မှု
တစ်ချို ့တစ်ချို ့သောလူတွေမှာ ရာသီဥတု အေးမြမှုန်မှိုင်းလာတာနဲ့အမျှ အလိုလိုနေရင်း စိတ်ဓာတ်ကျနေတာ၊ နုံးနေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့်လည်း ရာသီဥတု အေးလာတိုင်း မှိုင်းဝေမှုန်ပြနေတာမျိုးတော့ မဟုတ်ပါဘူး။
အေးမြမြ အချမ်းဓာတ်လေးက လူတွေရဲ့ တီထွင်ဖန်းတီနိုင်မှုစွမ်းအားကို ပိုမို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါသေးတယ်။
အေးမြတဲ့ ဒီဇင်ဘာဆောင်းဥတုကို တဖန် ရောက်လာပြန်သလို အားလပ်ရက် ရုံးပိတ်ရက်တွေကလည်း သင့်ကို စောင့်ကြိုလို့နေပါပြီ။ ကဲ ဘာလိုသေးလဲ။ ခုပဲ လက်အိတ်နဲ့ မာဖလာကို ကောက်ယူပြီး အအေးဒဏ်ကို အံတုကာ ချစ်ရတဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် ခရစ်စမတ်လက်ဆောင် အဝယ်ထွက်ရအောင်လား။
Dr. Mya Phoo (www.drmyanmar.com)






























