ရာသီဥတုအပြောင်းအလဲနဲ့ ခေါင်းကိုက်ခြင်း
ခေါင်းအလွန်အကျွံကိုက်တာက ဘယ်လောက်ထိခံရခက်သလဲဆိုတာ ကြုံဖူးသူတွေပဲသိတာပါ။ ဘယ်အချိန်ခေါင်းထကိုက်မလဲမသိဘဲ တစ်ထိတ်ထိတ်ဖြစ်နေတာကလည်း ဆိုးတယ်နော်။
တကယ်လို့ ရာသီဥတုအပြောင်းအလဲမှာ ခေါင်းကိုက်တတ်တာသတိထားမိတယ်ဆိုရင် လေထုဖိအားကြောင့်ကိုက်နေတာဖြစ်နိုင်တယ်။
ဦးခေါင်းခွံတွင်းဂလိုင်ပေါက်တွေထဲမှာ လေတွေနဲ့ပြည့်နေတာမို့ လေထုဖိအားသက်ရောက်မှုအပြောင်းအလဲမှာ ခေါင်းကိုက်တတ်တယ်။
>> သူ့ရဲ့လက္ခဏာတွေကတော့
လေထုဖိအားကျသွားတဲ့အချိန်မှာ ကိုက်တတ်ပြီး ရိုးရိုးခေါင်းကိုက်သလိုပါပဲ။ ဒါ့အပြင်
• ပျို့ချင်အန်ချင်တာ
• အလင်းရောင်ကိုမခံနိုင်တာ
• မျက်နှာနဲ့လည်ပင်းတွေထုံကျင်နေတာ
• နားထင်တစ်ဖက် ဒါမှမဟုတ် ၂ဖက်လုံးနာနေတာ တွေနဲ့တွဲတတ်တယ်။
အထူးသဖြင့် မိုးရွာချိန်၊ လေထုစိုထိုင်းဆများချိန်မှာ ပိုဖြစ်နိုင်တယ်။
Bio Adult 1

>> ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့
ပြင်ပလေထုဖိအားကျဆင်းလာတဲ့အခါ အပြင်ဘက်ဖိအားနဲ့ အတွင်းဖိအားကွာခြားချက်များလာလို့ နာလာတတ်တာပါ။ လေယျာဉ်ပေါ်မှာလည်း ဖြစ်တတ်တယ်နော်။ လေယာဉ်တက်သွားချိန်မှာ နားထဲကနေ ဖောက်ခနဲဖြစ်သွားတာ၊ နာတာမျိုး ဖြစ်တတ်တယ်။
ဒီလိုခေါင်းကိုက်ဖို့အတွက် လေထုဖိအားအများကြီးပြောင်းလဲစရာလည်း မလိုပါဘူး။ လေ့လာမှုတစ်ခုအရဆိုရင် ဖိအားလေးနည်းနည်းပြောင်းရုံနဲ့တင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာပေါ်လာတတ်တာကို တွေ့ရတယ်နော်။
>> ဆရာဝန်နဲ့ဘယ်အချိန်မှာပြသင့်သလဲဆိုရင်
တကယ်လို့ ခေါင်းကိုက်တာက ကိုယ့်ရဲ့လူနေမှုဘဝကိုပါ ထိခိုက်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပြီနော်။
ရာသီဥတုအပြောင်းအလဲနဲ့ ခေါင်းကိုက်တာကို ဆက်စပ်မှုရှိမရှိ မှတ်ထားဖို့လည်းလိုပါမယ်။
• ဘယ်အချိန်မှာကိုက်တတ်သလဲ?
• ဘယ်လောက်ကြာသလဲ?
• ဘာကြောင့်ပိုဆိုးလဲ? ပိုသက်သာလဲ?
Bio Adult 2

ဆရာဝန်နဲ့မပြခင်ကတည်းက ဒီလိုစာရင်းဇယားလုပ်ထားသင့်တယ်နော်။ ဆရာဝန်နဲ့ပြတဲ့အခါ အရင်ကရောဂါရာဇဝင်၊ မိသားစုထဲ နာတာရှည်ခေါင်းကိုက်ရောဂါခံစားနေရတာရှိမရှိတွေကို မေးမြန်းပါလိမ့်မယ်။ ခေါင်းကိုက်စေတဲ့အကြောင်းရင်း ဆိုးဆိုးရွားရွားတွေ ရှိရင်လည်း ပြောပြရပါမယ်။ ဆရာ၀န်က လိုအပ်သလို အောက်ပါ စစ်ဆေးမှုတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။
• ဦးနှောက်အာရုံကြောစစ်ဆေးခြင်း
• သွေးစစ်ဆေးခြင်း
• MRIဓာတ်မှန်
• CTဓာတ်မှန်
• ခါးဆစ်ရိုးအရည်စသဖြင့် စစ်ဆေးဖို့ လိုအပ်တာတွေကို စမ်းသပ်ပေးပါလိမ့်မယ်။
>> ခေါင်းကိုက်တာကိုကာကွယ်ဖို့အတွက်
အဓိကက ကိုယ့်ရဲ့ခေါင်းကိုက်တတ်တဲ့ပုံစံကို ကိုယ်သိထားရမယ်။ ဒါမှကြိုတင်ကာကွယ်နိုင်မှပေါ့။
တကယ်လို့ခေါင်းကိုက်ရင်သောက်ဖို့ဆေးတွေပေးထားတယ်ဆိုရင် နားတွေအူလာတာ၊ မျက်လုံးထဲအရောင်တွေမြင်လာတာ၊ ပျို့ချင်အန်ချင်လာတာစသဖြင့် ခေါင်းကိုက်တော့မယ့်လက္ခဏာတွေပြတာနဲ့ ဆေးသောက်လိုက်ပါ။
ဒါ့အပြင်
• တစ်ညကို၇နာရီကနေ ၈နာရီလောက်အိပ်တာ
• တစ်နေ့ကိုအနည်းဆုံးရေ၈ခွက်သောက်တာ
• လေ့ကျင့်ခန်းမှန်မှန်လုပ်တာ
• ကျန်းမာရေးနဲ့ညီညွတ်အောင်စားပြီး အဆာမခံတာ
• စိတ်ဖိစီးမှုများနေရင် စိတ်ပြေလျော့တဲ့လေ့ကျင့်ခန်းတွေလုပ်တာ စသဖြင့် နေ့စဉ်နေထိုင်မှုကိုလည်းပြောင်းလဲပေးကြည့်ပါ။
>> နောက်ဆုံးအနေနဲ့ပြောရရင်
ရာသီဥတုကို ကိုယ်မပိုင်ပေမယ့် ကိုယ့်ခေါင်းကိုက်ပုံကို ကိုယ်သိပြီး သေချာစောင့်ကြည့်မယ်ဆိုရင် ခေါင်းကိုက်တာကို ကောင်းကောင်းထိန်းနိုင်မှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
>> သူ့ရဲ့လက်ခဏာတှကေတော့
Dr. Mya Phoo Ngon (www.drmyanmar.com)






























