/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရိုးတွင်းခြင်ဆီ-အစားထိုးခြင်း

ရိုးတွင်းခြင်ဆီ အစားထိုးခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ပင်မဆဲလ် အစားထိုးခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီ အစားထိုးခြင်းဟာ သွေးကင်ဆာ၊ သွေးနဲ့ ကိုယ်ခံစွမ်းအားနည်းပါးတဲ့ ရောဂါမျိုးတွေမှာ မကောင်းတဲ့ ရိုးတွင်းခြင်ဆီနေရာကို ကျန်းမာတဲ့ ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးခြင်းပဲ ဖြစ်ပါတယ်။

 

>>    ဘာတွေသိထားဖို့ လိုမလဲ?

          မခွဲစိတ်ခင် ပြင်ဆင်ဖို့ ရက်အနည်းငယ် လိုပါတယ်။ ဆေးရုံမတက်ခင် သွားနဲ့ ခံတွင်း၊ နှလုံး၊ ရင်ဘတ်နဲ့ အဆုတ်၊ အရိုးနဲ့ သွေး စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ရင်ဘတ်ထဲ ပိုက်ထည့်ပြီး လိုအပ်တဲ့အာဟာရ၊ အရည်နဲ့ ဆေးတွေထည့်ဖို့ လိုပါတယ်။ ဒီရင်ဘတ်ထဲ ထည့်ထားတဲ့ပိုက်ဟာ အနည်းဆုံး ၆ လလောက်တော့ ထည့်ထားရပါလိမ့်မယ်။ ခြင်ဆီ လဲလှယ်ခြင်းဟာ တစ်နာရီလောက်ပဲ ကြာပေမယ့် ကိုယ်ခံစွမ်းအား ပြန်လည်တိုးတက်လာသည်အထိ ဆေးရုံမှာ ရက်သတ္တပတ်အတော်ကြာနေဖို့ လိုအပ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ပင်ပန်းနွမ်းနယ်တာ၊ ပျို့ချင် အန်ချင်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်စေနိုင်ပါတယ်။

 

>>    ဖြစ်နိုင်တဲ့ဆိုးကျိုးများ

          နာလန်ထူနေစဉ်မှာ ကိုယ်ခံစွမ်းအားဟာ ကောင်းကောင်းပြန်ဖွံ့ဖြိုးဖို့ အချိန်တစ်နှစ်လောက် ကြာနိုင်တဲ့အတွက် ဒီအတောအတွင်းမှာ ရောဂါပိုးတွေ မဝင်အောင် အထူးသတိထားဖို့ လိုအပ်ပါတယ်။

 

>>    ရလဒ်

          အောင်မြင်ခဲ့ရင် ရောဂါအားလုံး သို့မဟုတ် တစ်ဝက်တစ်ပျက် သက်သာသွားစေနိုင်ပါတယ်။ အောင်မြင်၊ မအောင်မြင်ဟာ ဖြစ်တဲ့ရောဂါ၊ ကင်ဆာအမျိုးအစား၊ အသက်၊ အခြားရောဂါတွေ ရှိ/မရှိနဲ့ လုပ်တဲ့ ရိုးတွင်းခြင်ဆီ လဲလှယ်မှုအမျိုးအစားတွေပေါ်မှာ မူတည်နေပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)