ရုတ်တရက် ပြင်းထန်စွာခေါင်းကိုက်ခြင်းရဲ့ နောက်ကွယ်က အန္တရာယ်
ခေါင်းတစ်ခြမ်းကိုက်တာ၊ ခေါင်းကိုတစ်ခုခုနဲ့ဖိထားသလိုမျိုးကိုက်တာမျိုးတွေက အိမ်မှာပဲ အကိုက်အခဲပျောက်ဆေးလေးသောက်လိုက်ရင် သက်သာသွားနိုင်ပေမယ့် ရုတ်တရက်ကြီး ဆိုးဆိုးရွားရွားခေါင်းထိုးကိုက်တာကတော့ အရေးပေါ်အခြေအနေဖြစ်နို်င်ပါတယ်။ အရေးပေါ်ကုသမှုခံယူဖို့လိုတဲ့ခေါင်းကိုက်တာကရှားပေမယ့်လည်း ဒီလိုဖြစ်လာတဲ့အခါမှာမကုဘဲထားရင် အသက်ဆုံးရှုံးနို်င် ပါတယ်။ အရင်က ခေါင်းမကိုက်ဖူးတဲ့ အသက် ၅၀ ကျော်လူကြီးတွေမှာ ရုတ်တရက်ကြီး ခေါငး်အရမ်းထိုးကိုက်တာက လေဖြတ်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း စတဲ့ ပြင်းထန်တဲ့အခြေအနေတွေကြောင့်ဖြစ်နိုင်ပါတယ်။
မခံမရပ်နိုင်အောင်ခေါင်းကိုက်တာက ဦးနှောက်သွေးကြောပေါက်ပြီးတော့ ဦးနှောက်ထဲမှာသွေးယိုစီးတာကြော်င့လည်းဖြစ်နိုင်ပါတယ်။ ဒါက ရှားပေမယ့်လည်းပဲ ဒီလိုဖြစ်လာပြီဆိုရင် ဆေးရုံဆေးခန်းကို နောက်ကျပြီးမှရောက်လာတာများပါတယ်။ ဦးနှောက်ထဲမှာသွေးထွက်တဲ့အခါမှာအသက်ရှင်ဖို့အတွက် အချိန်ကအရမ်းကိုအရေးကြီးပါတယ်။
အောက်ပါလက္ခဏာတွေထဲက တစ်ခု (သို့) ဒီထက်ပိုပြီးခံစားရတဲ့ အသက် ၄၀ နဲ့အထက်တွေမှာ ဦးခေါင်းကို CT ရိုက်ကြည့်သင့်ပါတယ်။
• ခေါင်းထဲမှာလျှပ်စီးလက်သလို ဖြတ်ခနဲရုတ်တရက်ခေါင်းကိုက်ပြီးတော့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းမှာ ခေါင်းမခံမရပ်နိုင်အောင်ကိုက်လာတာ။
• လည်ပင်းနာ၊တောင့်တင်းခြင်း
• တစ်ခုခုကိုအားစိုက်တဲ့အခါမှာခေါင်းကိုက်ခြင်း
• လည်ပင်းစောင်းလို့မကောင်းခြင်း
• သတိလစ်မေ့မျောခြင်း
Bio Adult 1

>> ဦးနှောက်အတွင်းသွေးထွက်ခြင်းကို ကာကွယ်လို့ရလား
သွေးကြောဖောင်းတာက ပေါက်မထွက်မချင်းလက္ခဏာမပြတာများပါတယ်။ ၂၀% လောက်မှာသာ ပေါက်မထွက်ခင် ၂-၈ ပတ်လောက်မှာ သတိပေးတဲ့လက္ခဏာတွေပြတတ်ပါတယ်။ ဒီလက္ခဏာတွေက ရုတ်တရက်ပေါ်လာပြီးတော့ သိပ်မပြင်းထန်သလို နာရီပိုင်းကနေရက်ပိုင်းအထိကြာနိုင်ပြီး ပျို့အန်တာတွေနဲ့တွဲဖြစ်နိုင်ပါတယ်။
ဘယ်သူမှာ ဦးနှောက်သွေးယိုမယ်လို့ ခန့်မှန်းလို့မရပေမယ့်လည်း ဖြစ်နိုင်ချေများတဲ့သူတွေတော့ရှိပါတယ်။ မိသားစုရာဇဝင်ရှိိတာ၊ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ပိန်ဆေးတွေသောက်တဲ့သူတွေမှာဖြစ်နိုင်ချေများပါတယ်။
>> ခေါင်းကိုက်ခြင်းရဲ့ အန္တရာယ်လက္ခဏာတွေ
အောက်ပါလက္ခဏာတွေတွေ့ရင် အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။
• ရုတ်တရက်ခေါင်းကိုက်ပြီးတော့ ကိုယ့်ရဲ့တစ်သက်တာမှာ အဆိုးရွားဆုံးခေါင်းကိုက်တာပဲလို့ခံစားရရင်
• စကားပြောရာမှာ၊ အမြင်အာရုံပိုင်းဆိုင်ရာ၊ လှုပ်ရှားမှုနဲ့ ဟန်ချက်ညီမှုပြသနာတွေရှိရင်
• လည်ပင်းတွေတောင့်တင်းခြင်း (သို့) ကိုယ်ပူခြင်း
• ခေါင်းကိုက်တာနဲ့အတူ ပျို့ခြင်း၊ အန်ခြင်း
• တစ်ခုခုကိုအားစိုက်ထုတ်တဲ့အချိန်မှာ ခေါင်းကိုက်ခြင်း
• ဦးခေါင်းထိခိုက်ဒဏ်ရာရှိခြင်း
• ခေါင်းကိုက်ပြီးတော့ မျက်လုံတစ်ဖက်နီနေခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Unicode)
အောကျပါလက်ခဏာတှထေဲက တဈခု (သို့) ဒီထကျပိုပွီးခံစားရတဲ့ အသကျ ၄၀ နဲ့အထကျတှမှော ဦးခေါငျးကို CT ရိုကျကွည့ျသင့ျပါတယျ။
>> ခေါငျးကိုကျခွငျးရဲ့ အန်တရာယျလက်ခဏာတှေ
အောကျပါလက်ခဏာတှတှေေ့ရငျ အရေးပေါျကုသမှုခံယူသင့ျပါတယျ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























