/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေကျောက်-ပေါက်တဲ့အခါ

ရေကျောက် ပေါက်တဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရေကျောက်ဆိုတာ အာရုံကြောစွန်းတွေကို ကြိုက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး တစ်ကိုယ်လုံးမှာ အင်ပြင်ထသလို အနီရောင်အဖုလေးတွေ ပေါ်လာတတ်တယ်။

          ကလေးတွေမှာ အဖြစ်များတယ်။ ကလေးဆိုတာ ယားရင်ကုတ်တတ်ပြီး ကိုယ့်ကိုယ်ကို မထိန်းနိုင်တာကြောင့် အရည်ကြည်ဖုတွေ ပေါက်ထွက်ပြီး အရည်တရွှဲရွှဲဖြစ်နေတတ်တယ်။ ရေကျောက် ပျောက်သွားတဲ့အချိန်မှာတောင် နောက်ပိုင်းမှာ ရေယုန်တွေ ထ,ထပေါက်တတ်တယ်။

          ရေကျောက်ပေါက်တဲ့လူတွေမှာ ကိုယ်ခံစွမ်းအား ရသွားရင်တော့ နောက်ပိုင်းပြန်ဖြစ်ဖု့ိ တော်တော် နည်းပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ကာကွယ်ဆေးတွေ ပေါ်လာတာကြောင့် တော်တော် အဖြစ်နည်းသွားပါပြီ။

 

>>    ဘာကြောင့်ရေကျောက်ပေါက်?

          ရေကျောက်ဟာ အရမ်းကူးလွယ်လို့ ရောဂါရှိသူနဲ့ ထိတွေ့မိတာ၊ ချောင်းဆိုးတာတွေကနေ ကူးစက်နိုင်တယ်။

          အဲဒါကြောင့် မကူးစက်အောင် ကာကွယ်ဖို့ အရမ်းအရေးကြီးတယ်။ ကာကွယ်ဆေးတွေ ရှိပေမယ့်လည်း အသက် ၁၄ နှစ်အထက် လူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မီးဖွားပြီးခါစ ကလေးနဲ့ အမေတွေမှာ ဖြစ်နိုင်ပြီး ၁၄ ရက်ကနေ ၂၄ ရက်လောက်အထိ ကြာနိုင်တယ်။

 

>>    ရောဂါလက္ခဏာတွေအနေနဲ့ -

●        ၁၀၂-၁၀၃° လောက်အထိ အဖျားတက်တာ

●        ခေါင်းကိုက်တာ၊ ချောင်းဆိုး၊ နှာချေတာ၊ လည်ချောင်းနာတာ

●        အစားအသောက်ပျက်တာ

●        တစ်ကိုယ်လုံး အနီကွက်တွေ ပေါ်လာတာ

●        နုံးနေတာတွေ ဖြစ်တတ်တယ်။

 

>>    ရေကျောက်ပေါက်ခဲ့ရင် -

●        အသက် ၁ နှစ်အောက်ဆိုရင် ဆရာဝန်နဲ့ပြပြီး Ptriton syrup လိုမျိုး ဆေးမျိုးသောက်ဖို့ လိုနိုင်တယ်။

●        ယားယံတာတွေကို သက်သာအောင်နေရမယ်။

●        ရေနွေးနွေးထဲ မုန့်ဖုတ်ဆိုဒါ ၁ ဇွန်းလောက်ထည့်ပြီး တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်လောက် ရေချိုးပေးပါ။

●        ကလေးလက်သည်းလေးတွေကို တိုတိုညှပ်ပေးပြီး လက်အိတ်စွပ်ပေးတာက ကုတ်ဖဲ့ရာကနေ အမာရွတ်မကျန်အောင် တားဆီးပေးပါတယ်။

●        ၃၊ ၄ ရက်လောက်မှာ အရမ်းပင်ပန်းပြီး နုံးကျနိုင်တာကြောင့် သေချာစောင့်ကြည်ဖို့တော့ လိုမယ်နော်။

●        ယားယံတာတွေ သက်သာအောင် အိပ်ရာမှာ တမာရွက် ခင်းပေးပါ။

●        ရေချိုးရင်လည်း ရေထဲ တမာရွက် စိမ်ချိုးပါ။

●        ရေ အများကြီး  သောက်ပါ။

●        ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ ဝတ်ပါ။

●        ဆရာဝန်ညွှန်တဲ့ဆေးလိမ်းပါ။

●        ရောဂါ လုံးလုံးပျောက်တဲ့အထိ တစ်ယောက်တည်း ထားပါ။

●        ရောဂါသည် သုံးထားတဲ့ အိပ်ရာခင်း၊ အသုံးအဆောင်တွေကို ပိုးသတ်ဆေးနဲ့ လျှော်ပေးပါ။

●        ကောင်းကောင်းနားတာက ရောဂါမြန်မြန်ပျောက်ဖို့ လျှို့ဝှက်ချက်ပါပဲ။

●        ဆရာဝန် ညွှန်ကြားတဲ့အတိုင်း စားပေးဖု့ိလည်း လိုတယ်နော်။

●        အရမ်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းပြီး ချောင်ချိတာမျိုးလေးတွေ ဝတ်ပေးပါ။

●        မျက်နှာသုတ်ပုဝါ၊ အဝတ်အစားတွေနဲ့ အသုံးအဆောင်၊ ပန်းကန်ခွက်ယောက်တွေကို အတူမသုံးနဲ့နော်။ အရမ်းကူးလွယ်တာကြောင့်ပါ။

●        အေးတဲ့အစားအသောက်တွေကို ရှောင်ပေးဖို့လည်း လိုတယ်။ သတိမထားရင် အဆုတ်ရောင်ရောဂါပါ ဖြစ်သွားနိုင်တယ်နော်။

●        လုံးဝလုံးဝ မကုတ်ပါနဲ့။ ပိုးပိုပြန့်နိုင်သလို အနာရွတ်ဆိုးဆိုးကြီးတွေလည်း ကျန်ခဲ့နိုင်တယ်။

●        အနီစက်တွေ၊ အနာတွေ ပျောက်တဲ့အထိကို ရေမချိုးပါနဲ့။

●        Calamine lotion လို အယားပျောက်ဆေးတွေက အသားပိုခြောက်ပြီး ပိုယားစေနိုင်တယ်။

●        အက်စ်ပရင် အကိုက်အခဲပျောက်ဆေးဟာ ကလေးတွေမှာ reyes syndromeလို့ခေါ်တဲ့ အသည်းနဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။

●        အသက်ကြီးသူတွေ၊ ခုခံအားနည်းနေသူတွေကိုလည်း လူနာနား မကပ်ပါစေနဲ့။

●        အစာစပ်စပ်၊ အဆီများတာတွေ မစားပါနဲ့။

          ကလေးတွေ ရေကျောက်ပေါက်ရင် မလွယ်ပါဘူး။ ဒါကြောင့် ကလေးတွေ အာရုံအလွဲအပြောင်းဖြစ်အောင် ကာတွန်းတွေ၊ ရုပ်ရှင်တွေ ဖွင့်ပြပါ။

          ကောင်းကောင်းနားပေးပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားပေးဖို့ အရေးကြီးပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)