ရေခဲတုံးတွေ ဝါးမစားနဲ့နော်
အအေးသောက်ရင်းနဲ့ ရေခဲတုံးတွေ ဝါးတတ်သူတွေ ရှိလား။ ရေခဲ မကြိုက်ပါနဲ့တော့။ ရေခဲ ဝါးစားတာ မလုပ်ပါနဲ့တော့လို့ အကြံပြုပါရစေ။
ရေခဲတုံးကိုမှ အားရပါးရ ဝါးရတာ ကြိုက်နေရင်တော့ ကျန်းမာရေးအတွက် သိပ်မဟန်ပါဘူး။
● ရေခဲတုံးဆိုတာ မာတယ်၊ ကြီးတယ်။
● သွားတွေ အခန့်မသင့်ရင် ပဲ့သွားတတ်တယ်။
● သွားဖုံးတွေ ထိခိုက်တယ်။
● သွားဖုံးကို ရောင်ရမ်းသွေးစို့စေပြီး ဘက်တီးရီယားတွေ ဝင်ရောက် ခိုအောင်းစေပါတယ်။
● လျှာက ဖြူဖျော့ဖျော့ ဒါမှမဟုတ် မီးခိုးရောင်သန်းနေပြီး ဖျော့နေတယ်ဆိုရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ခိုအောင်းနေတာကို ပြပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်စေပါတယ်။
>> ပူတဲ့အချိန်မှာ -
အရေးအကြီးဆုံးက ရေများများသောက်ပြီး နားလိုက်ဖို့ ဖြစ်ပါတယ်။ ဓာတ်ဆားရည်သောက်လည်း ရပါတယ်။ ချွေးသိပ်ထွက်ပြီးမောနေရင် သီးစုံဓာတ်ဆားလေးနဲ့ဆို ရေဓာတ်ပြန်ဖြည့်ပြီးသား ဖြစ်တာပေါ့။ အလွယ်တကူအေးအောင် ရေခဲဝါးတာ မလုပ်ပါနဲ့တော့လို့ အကြံပြုပါရစေ။
ရေခဲကို ကြိုက်မှကြိုက်ဆိုရင်တော့ ရေခဲခြစ်နဲ့ ရေခဲချောင်းကိုသာ အားကိုးပါတော့။ ရေခဲခြစ်နဲ့ ရေခဲချောင်းတွေက သာမန်ရေခဲတုံးထက် ပိုသိပ်သည်းဆနည်းပြီး သွားနဲ့ သွားဖုံး ထိခိုက်တာ နည်းစေပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























