ရေခဲသေတ္တာတံခါးဘက်အခြမ်းတွင် နို့ဘူးမထားသင့်
ရေခဲသေတ္တာတံခါးဘက်ခြမ်းတွင် နို့ဘူးများမထားသင့်ပါ။ အထူးသဖြင့် နွေရာသီလိုအချိန်အခါမျိုးမှာ ပိုပြီးသတိပြုသင့်ပါတယ်။ အစားအစာများလျင်မြန်စွာပုပ်သိုးပျက်စီးခြင်းမှကာကွယ်ဖို့အတွက် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့လိုအပ်ပေမယ့် နို့နဲ့အခြားစားသောက်ဖွယ်ရာများကို ရေခဲသေတ္တာတံခါးဘက်ခြမ်းအံတွေထဲမှာ မထည့်ထားမိဖို့ကိုတော့ သတိထားသင့်ပါတယ်။ တံခါးဘက်မှာရှိတဲ့ အစားအစာတွေဟာ ရေခဲသေတ္တာဖွင့်ချိန်မှာ အပြင်ကလေပူနဲ့ထိတွေ့ခြင်းခံရတာကြောင့် ရေခဲသေတ္တာထဲထည့်ထားပေမယ့်လည်း အစားအစာသက်တမ်းမကုန်ခင်အချိန်မှာတောင် ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာတံခါးဘက်အံထဲမှာ ကြက်ဥ၊ ဟင်းခတ်အမွေးအကြိုင်၊ ယိုဘူး၊ ဖျော်ရည်ဘူးတို့ကိုသာ ထည့်ထားသင့်ပြီး နို့နဲ့အခြားစားစရာတွေကို ရေခဲသေတ္တာကိုယ်ထည်ထဲမှာသာ သိမ်းဆည်းသင့်ပါတယ်။
Dr. Htet Htet Aung






























