/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေနွေးဖြင့်ရေစိမ်ခြင်းက-အရိုးအဆစ်ရောင်ရမ်းနာများကို-သက်သာစေ

ရေနွေးဖြင့်ရေစိမ်ခြင်းက အရိုးအဆစ်ရောင်ရမ်းနာများကို သက်သာစေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရေနွေးဖြင့်ရေစိမ်ခြင်းဟာ ဟိုးယခင်ကတည်းက ဆေးဝါးအဖြစ်အသုံးပြုလာခဲ့ကြတာဖြစ်ပြီး ယနေ့ထိတိုင်အောင်အသုံးပြုနေသော နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေ အရ ရေနွေးဖြင့်ကုသခြင်းဟာ အရိုးအဆစ်နှင့်ကြွက်သားေ၀ဒနာတွေကို အံ့သြစရာကောင်းလောက်အောင် သက်သာစေတယ်လို့ သတိရပါတယ်။

          ရေနွေးဖြင့်ရေစိမ်ချိုးပေးခြင်းက ရေနွေးအိတ်ကပ်သလိုဖြစ်ပြီး နာကျင်တောင့်တင်းမှုတွေကို သက်သာစေပြီး အချိန်တော်တော်ကြာသည့်တိုင် ထိရောက်မှုရှိတယ်လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရေနွေးဖြင့်စိမ်ထားချိန်တွင် အရိုးအဆစ်ပေါ်တွင်သက်ရောက်နေတဲ့ ကမ်ဘာမြေဆွဲအားကိုလျော့ကျစေခြင်း၊ ခန္ဓာကိုယ်အပူချိန်ကိုမြင့်တင်ပေးပြီး သွေးကြောတွေကို ကျယ်စေခြင်းဖြင့် သွေးလည်ပတ်မှု ကိုကောင်းမွန်စေခြင်းတို့ဖြင့် ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။

ဘယ်လောက်ကြာအောင် ရေနွေးထဲတွင်စိမ်သင့်ပါသလဲ။

          မိနစ် 20 ဆိုလုံလောက်ပါတယ်။ ရေဓာတ်ပြည့်၀နေစေရန် ရေနွေးဖြင့်မစိမ်ခင်နှင့် စိမ်ပြီးနောက်မှာ ရေ၀အောင် သောက်ပေးဖို့လိုအပ်ပါတယ်။

         အရမ်းပူလွန်းတဲ့ရေဟာ နှလုံးကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့် ရေပူမှာ မစိမ်သင့်ပါဘူး။ ရေနွေးနွေးလေးရအောင် သေချာစီစဉ်ပြီးမှ ရေကန်ထဲ၀င်ပါ။  ရေနွေးထဲတွင် ငြိမ်ငြိမ်လေးစိမ်နေမယ့်အစား လှုပ်လှုပ်ရှားရှားလုပ်ပေးပါ။ တောင့်တင်းနေသော အကြောအချဉ်များ ပြေလျော့သွားစေရန် လှုပ်ရှားမှုများကိုငြင်သာစွာပြုလုပ်ပေးပါ။

         ဆားခါး အနည်းငယ်ထည့်ပြီး ရံဖန်ရံခါစိမ်ပေးပါ။ မဂ္ဂနီဆီယမ်ဓာတ်ဟာ အရိုးနှင့်နှလုံးကျန်းမာရေး အတွက်ကောင်းမွန်တဲ့ သတၳုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဆားခါး (မဂ္ဂနီဆီယမ်ဆာလဖိတ်) ကိုထည့်ပြီး ရေစိမ်ချိုးပေးပါ။ ဆားခါးကို ဆေးဆိုင်တွေမှာအလွယ်တကူ၀ယ်ယူရရှိနိုင်ပြီး ဆားခါးနှင့်ရေစိပ်ချိုးခြင်းဖြင့် မဂ္ဂနီဆီယမ် ပမာဏကို 15% ထိမြင့်တင်ပေးနိုင်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com