/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေမပါဘဲ-ဆေးကို-ဒီတိုင်းမျိုချခြင်းရဲ့-ဆိုးကျိုးများ

ရေမပါဘဲ ဆေးကို ဒီတိုင်းမျိုချခြင်းရဲ့ ဆိုးကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    လူတိုင်းလိုလိုဟာ တစ်ခါတလေ လောနေလို့ဖြစ်ဖြစ်၊ ရေမရှိလို့ဖြစ်ဖြစ်  ဆေးကို ရေမပါဘဲ သောက်မိတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ အလွန်ဆိုးကျိုးများတဲ့ အကြောင်းရင်းတစ်ခုဆိုတာ သိကြမယ် မထင်ပါဘူး။
    ဆေးကို ရေဖြင့်သောက်ခြင်းဟာ ရှောရှောရှူရှူ မျိုချရလွယ်စေတာမို့ အစာရေမျိုတွင် ဆေးတစ်နေခြင်းကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။
    ဒီလိုမဟုတ်ပဲ အစာရေမျိုတွင် ဆေးတစ်ပါက အစာရေမျို ရောင်ရမ်းပြီး နာကျင်ခြင်းနဲ့အတူ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
    တူရကီနိုင်ငံက  လေ့လာချက်တစ်ခုအရ အချို့သောဆေးများဟာ လည်မျိုတွင် နင်နေပါက ဆိုးကျိုးများစွာပေးနိုင်တာမို့ မပေ့ါဆဘဲ ရေဖြင့်သာ သောက်သုံးသင့်ပါတယ်။ ဆေးသောက်ရာတွင် ရေ ၈ အောင်စနဲ့ သောက်ပေးပါ။ မတ်တတ်ထသောက်ခြင်းဖြစ်စေ၊ ထိုင်သောက်ခြင်းဖြစ်စေ ပြုလုပ်နိုင်ပြီး လှဲရက်ဆေးသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အိပ်ရာဝင်ခါနီး ဆေးသောက်တာမျိုးမပြုလုပ်ပဲ အိပ်ရာမဝင်ခင် ၁၅ မိနစ် အလိုလောက်တွင် သောက်ပါ။
    ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတာမို့ ဆေးသောက်ရာမှာ ရေဖြင့်သာ သောက်သုံးကြဖို့ မမေ့နဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)