/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရောဂါပိုးတွေ-ပြန့်ပွားနေတဲ့-အညစ်ပေဆုံးနေရာတစ်ခု

ရောဂါပိုးတွေ ပြန့်ပွားနေတဲ့ အညစ်ပေဆုံးနေရာတစ်ခု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ့်အိမ်မှာ၊ ကိုယ့်ရုံးမှာ အိမ်သာထက် အဆများစွာ ပိုညစ်ပတ်တဲ့ ရောဂါပိုးတွေ စုနေတဲ့ အဓိကသော့ချက် နေရာတစ်ခု ရှိပါသတဲ့။

          အဲဒီနေရာကတော့ ကွနိပျူတာကီးဘုတ်ပါတဲ့။

          ကွန်ပျုတာကီးဘုတ်တစ်ခုမှာ ရောဂါပိုးပေါင်း 3295 ခုကို တွေ့ရှိထားပါတယ်။

          အဲဒီထဲမှာ -

●        ဟယ်လီကိုဘက်တာပိုင်လောရီ ဘက်တီးရီးယား (H pylori)

●        စတက်ဖလိုကောကတ်စ် ဘက်တီးရီးယား (Staphylococus aureus)

●        အီးကိုလိုင်ပိုး (Ecoli)

●        ဆူဒိုမိုးနား အရီဂျီနိုစာ (Psedomonas Aeruginosa) ပိုးတွေ ထိပ်ဆုံးက ပါဝင်နေပါတယ်။

 

          ရောဂါပိုးပေါင်းစုံ တွယ်ငြိနေတဲ့ သံယောဇဉ်ကီးဘုတ်လေးကို သန့်ရှင်းရေး လုပ်ကြရအောင်...။

●        အရင်ဆုံး မီးခလုပ်ကိုပိတ်၊ ပါဝါကို ဖြုတ်လိုက်နော်။ ပိုးကြောင့်မသေခင် အရင် ဓာတ်လိုက်မှာစိုးလို့။

●        ကီးဘုတ်ကို ပိုးသတ်ဆေးတွေ မဖျန်းလိုက်ပါနဲ့။ အပေါက်တွေထဲ ဝင်သွားရင် ရှိစုမဲ့စု ဝယ်ထားတဲ့ ကွန်ပျူတာလေး လစ်သွားမယ်လေ။

●        အရက်ပြန်လား? ဂွမ်းလား? ခဏစောင့်ပါ။ စနိုးတာဝါသန့်သန့်လေးနဲ့သာ အရင်ဆုံး အသာ ပွတ်တိုက် သန့်စင်ပါ။

●        အဝတ်သန့်လေးမှာ အရက်ပြန်လေး ဆွတ်ပါ။ ကီးဘုတ်ခလုတ်တွေရဲ့ ထိပ်ကိုသာ သန့်စင်ပါ။ အရည် ညှစ်မချပါနဲ့။ သတိပေးထားပါတယ်။ ပျက်ရင် တာဝန်မယူနိုင်ပါ။

●        ကီးဘုတ်သန့်နေတုန်း ဘေးမှာ ပန်ကာ ဖွင့်ထာားပါ။ ချက်ချင်း ခြောက်သွေ့သွားအောင်ရယ်၊ ဖုန်တွေ လွင့်ပါးသွားအောင်ရယ် ဖြစ်ပါတယ်။

●        ခလုတ်တွေကို မခွာတတ်ရင် မစမ်းပါနဲ့။ ခွာနည်း ရှိပေမယ့် မကျွမ်းကျင်ဘဲ မစမ်းစေလိုပါ။

●        ခလုတ်လေးတွေကို ဖိလိုက်၊ လွှတ်လို်က်လုပ်ပြီး ကြားတွေကို သန့်စင်ပါ။

●        ခလုတ်တွေ အပြင်ဘေးပတ်လည်က ဝိုင်းထားတဲ့ ကာဘာကိုပါ သန့်ပါ။ ခလုတ်ကို အရင်သန့်ပြီးမှ ဘေးကို သွားသန့်စင်ပါ။ ဘေးကို သုတ်ပြီးမှ အလယ်ကို မလာပါနဲ့။ ခလုတ်ပြီးမှ ဘေးကို လှည့်သုတ်ပါ။

●        ခဏ အခြောက်ခံပါ။

●        တန်း မသုံးပါနဲ့။ ပါဝါတွေ အကုန်ပိတ်ထားပါဦး။ ပန်ကာ ဆက်ဖွင့်ထားပေးပါ။

●        လုံးဝ သွေ့ခြောက်တာ သေချာမှ ပြန်လည်အသုံးပြုပါ။

 

          အဏုဇီဝ ပိုးမွှားပညာရှင်တွေကတော့ တစ်ပတ်ကို တစ်ခါခန့် ကွန်ပျုတာကီးဘုတ်ကို သန့်စင်ပေးဖို့ အကြံပြုထားပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)