ရှေးဦးသူနာပြုနည်း အယူအဆမှားတွေ သိအောင် ဖတ်ထားနော်
ဒဏ်ရာအနာတရဖြစ်ရင် မတော်တဆ ထိခိုက်မိရင် အိမ်မှာ အလုပ်မှာ တစ်ခုခုလုပ်ရင်း ထိခိုက်မိတဲ့အခါ လွဲနေတတ်တဲ့ အယူအဆအမှားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
● နှာခေါင်းသွေးယိုတဲ့အခါ နောက်ကို လှန်ထား၊ မော့မထားရပါဘူးနော်။ သွေးတွေကို လည်ချောင်းထဲကို ကျဆင်းသွားစေပြီး သွေးရောင်တွေ ပြန်အန်ထွက်တာတောင် ဖြစ်စေပါသတဲ့။ နှာခေါင်းအပေါ် နှာသီးလေးကို လက်မနဲ့ လက်ညှိုးကို သုံးပြီး ဖွဖွလေး ဖိညှစ်ထားခြင်းဖြင့် သွေးထွက်နေတဲ့သွေးကြောတွေကို ဖိနှိပ်လိုက်တဲ့အတွက် သွေး ချက်ချင်းတိတ်သွားစေပါတယ်။
● မီးလောင်ဒဏ်ရာတွေ၊ ရေနွေးပူလောင်တာတွေကို ရေခဲ မအုပ်ပါနဲ့။ အပူဒဏ်ကြောင့် ပျက်စီးသွားတဲ့ အရေပြားကို ပိုဆိုးစေရုံကလွွဲလို့ ဘာကောင်းကျိုးမှ မပေးပါဘူး။ ရေခဲရည် မပာုတ်တဲ့ ရေအေးအေးနဲ့သာ လောင်းချ သန့်စင်ပေးပါနော်။
● ကစားကွင်းထဲမှာ လဲသွားတဲ့အားကစားသမားတွေ လမ်းမှာ ယာဉ်တိုက်မှုကြောင့် လဲသွားသူတွေကို ချက်ချင်း မရွှေ့ပါနဲ့။ အာရုံကြောမကြီး ထိခိုက်နေတာတွေ ရှိတဲ့အခါ ရွှေ လိုက်ခြင်းဖြင့် အာရုံကြောမကြီးကို ပိမိစေပြီး ချက်ချင်းအကြောသေတဲ့အဆင့်ကို ရောက်နိုင်ပါတယ်။ ဆေးအကူအညီစောင့်ပြီး သစ်တုံးကို ရွှေ့သလို အလှုပ်အရှားအနည်းဆုံး အခြေအနေနဲ့ ရွှေ့ပြောင်းပါ။
● ဒဏ်ရာကို တံထွေးဆွတ်တာက အနာပျောက်လွယ်တယ်လို့ ထင်ကြပါတယ်။ မှားပါတယ်နော်။ ခံတွင်းက ဘက်တီးရီးယားတွေ အနာထဲ ဝင်ကုန်မှာပေါ့။ ရေသန့်လေးနဲ့ ဆေးချသန့်စင်ပြီး ဘီတာဒိုင်းဆေးရည်ထည့်ရင် ရပါပြီ။
● တစ်ကိုယ်လုံး အလာဂျစ်ထပြီး ယားတဲ့အခါ လိမ်းဆေးလေးလောက် ဝယ်လိမ်းပြီး အဆင်ပြေမလား စောင့်ကြည့်တာ အင်မတန် မှားပါတယ်။ ဓာတ်မတည့်မှုတိုင်းပာာ အသက်ရှူကြပ်သည်အထိ ဆိုးသွားတတ်တာမို့ ဆေးခန်းပြဖို့ လိုပါတယ်နော်။
● ကြွက်သားတွေ၊ အဆစ်တွေ၊ အရွတ်တွေ ဒဏ်ရာရတဲ့အခါ ရေနွေးဝတ်အုပ်တာ အရမ်းမှားပါတယ်။ ပိုရောင်လာတတ်ပါတယ်။ ရေခဲဝတ်လေး အဆစ်ပေါ်ကို အုပ်ပေးမှ တကယ်အရောင်ကျလာမှာ ဖြစ်ပါတယ်။
● သွေးထွက်နေတဲ့အနာပေါ်ကို ဂွမ်းဖတ်လေး အုပ်ထားရင် ခြောက်သွားတဲ့အခါ ချက်ချင်း မခွာပါနဲ့ဦး။ ရုတ်တရက် ခွာလိုက်တဲ့အခါ အနာပေါ်မှာနေနေတဲ့ သွေးခဲစေတဲ့ဓာတ်တွေ အကုန်ကပ်ပါသွားတဲ့အတွက် သွေးပြန်ယိုလာတတ်ပါတယ်။
● မျက်လုံးထဲ တစ်စုံတစ်ခုဝင်တဲ့အခါ မျက်လုံးကို မပွတ်ပါနဲ့။ ပွတ်လိုက်တဲ့အခါ မျက်သားကို ပိုဒဏ်ဖြစ်စေပါတယ်။ အတင်းထုတ်ဖို့ မကြိုးစားပါနဲ့။ ရေသန့်လေးနဲ့ ဆေးချပြီး ဆေးအကူအညီ ရယူပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























