လက်ဆစ်တွေ ဘာလို့နာနေသလဲ
လက်ဆစ်တွေဟာ မကြာခဏ နာကျင်နေတတ်ပြီး လက်ဖြင့် ဖိကြည့်တဲ့အခါ ပိုမိုနာနေတာမျိုး ခံစားနေရပါသလား။ ဒီလိုဖြစ်နေပြီဆိုရင်တော့ အကြောင်းရင်းကို အဖြေရှာသင့်နေပါပြီ။
>> လက်ဆစ်တွေဟာ အောက်ပါအခြေအနေတွေမှာ နာကျင်တတ်ပါတယ်။
(၁) ထိခိုက်ပြီး ဒဏ်ဖြစ်ခြင်း
(၂) အဆစ်လွဲခြင်း
(၃) အဆစ်ကျိုးခြင်း/အက်ခြင်း
(၄) အဆစ်ရောင်ခြင်း
(၅) အခြားသောအစိတ်အပိုင်းများတွင် ကင်ဆာဖြစ်ရာကနေ လက်ဆစ်များသို့ ကင်ဆာဆဲလ်ပြန့်ခြင်း
Alaxan IA (1)
>> အဆစ်နာခြင်းအတွက် အိမ်တွင်းကုထုံးများ
● လက်ဆစ်များကို အနားပေးပါ။
● ရောင်နေသောနေရာပေါ်သို့ ရေခဲကပ်ပါ။
● အကိုက်အခဲပျောက်ဆေးများ သောက်နိုင်ပါတယ်။
● ပရုတ်ဆီကဲ့သို့ ဆေးအပူများ လိမ်းပေးပါ။
● နာနေသော လက်ချောင်းကို ဘေးကပ်ရပ်လက်ချောင်းနှင့် ပူးကပ်ပြီး မလှုပ်ရှားမိအောင် တစ်ခုခုနှင့် ပတ်တီးနဲ့ ချည်ထားပါ။
Alaxan IA (2)
>> ဘယ်အချိန်မှာ ဆရာဝန်နှင့်ပြသမလဲ?
● လက်ကို ငြိမ်ငြိမ်ထားလျှင်တောင်မှာ နာကျင်နေခြင်း
● လက်ချောင်း ထုံကျဉ်ခြင်း၊ တဆစ်ဆစ်ကိုက်ခြင်း
● လက်ချောင်း အကွေးအဆန့်ပြုလုပ်မရခြင်း
● ဖျားခြင်း
● အရိုးကို မြင်နေရခြင်း
● အိမ်တွင်းကုထုံးများ ပြုလုပ်ပေမယ့် ၁ ပတ်၊ ၂ ပတ်လောက် ဆက်တိုက်နာခြင်းတွေ ဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြသရပါမယ်။
ဆရာဝန်က လိုအပ်သလို အကိုက်အခဲပျောက်ဆေးပေးတာမျိုး၊ လေ့ကျင့်ခန်းနည်းများဖြင့် ပြန်လည်သန်စွမ်းအောင် ပြုလုပ်လို့ရပါက လေ့ကျင့်နည်းများကို သင်ကြားပေးတာမျိုး၊ ခွဲစိတ်ကုသရန် လိုအပ်ပါက ခွဲစိတ်ပေးတာမျိုး ပြုလုပ်ပေးပါလိမ့်မယ်။
ဒါ့ကြောင့် တကယ်လို့ လက်ဆစ်နာခြင်းဟာ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နှင့် ပြသပြီး ဓာတ်မှန်ရိုက်ခြင်းဖြင့် အဖြေရှာသင့်ပါတယ်။ လက်ဆစ်ကျိုးခြင်း၊ ခေါက်သွာခြင်း၊ အက်ခြင်းဖြစ်တယ်လို့ သံသယရှိပါက ချက်ချင်း ကုသမှုခံယူသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























