လက်ဆေးပါ
ကျွန်ုပ်တို့ရဲ့လက်တွေက တစ်နေကုန် ဟိုကိုင်ဒီကိုင်နဲ့ ပိုးတွေ အများကြီးရှိနေနိုင်ပါတယ်။ လက် ပုံမှန်မဆေးဘဲနဲ့ မျက်နှာ၊ နှုတ်ခမ်း၊ အစားအစာတွေကို ထိတွေ့ကိုင်တွယ်တဲ့အခါမှာ ရောဂါပိုးတွေ ပျံ့နှံ့စေနိုင်သလို ကိုယ်တိုင်လည်း နေမကောင်းဖြစ်စေနိုင်ပါတယ်။
ရေပိုက်အောက်မှာ လက်ကိုခံပြီးတော့ ရေ၊ ဆပ်ပြာတို့နဲ့ ၂၀ စက္ကန့်လောက် ဆေးကြောပေးခြင်းက ကျန်းမာပြီးနေမကောင်းခြင်းကို ကင်းဝေးစေနိုင်ပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ဆပ်ပြာ မရနိုင်ဘူးဆိုရင် အရက်ပြန်ပါတဲ့ လက်သန့်စင်ဆေးရည်ကို သုံးလို့ရပါတယ်။
နေမကောင်းတဲ့အခါမှာ စားပွဲပေါ်တွေ၊ တံခါးလက်ကိုင်ဖုတွေနဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စတဲ့ပစ္စည်းတွေကို ပိုးသတ်ဆေးနဲ့ သေချာပွတ်တိုက်ပါ။ အောက်ပါအခြေအနေတွေမှာ လက်ဆေးပါ။
● အစားအစာတွေကို မပြင်ဆင်မီနဲ့ပြင်ဆင်ပြီး
● အစာမစားမီ
● နေမကောင်းဖြစ်နေသူကို မပြုစုမီနဲ့ပြုစုပြီး
● အနာကို မကိုင်မီနဲ့ကိုင်ပြီး
● အိမ်သာသွားပြီး
● ကလေးသေးခံလဲပေးပြီး (သို့) ကလေးအီးတည်ပေးပြီး
● နှာချေ၊ ချောင်းဆိုး၊ နှပ်ညှစ်ပြီး
● အိမ်မွေးတိရစ္ဆာန်များနှင့် ၎င်းတို့၏အစားအစာများ၊ အညစ်အကြေးများကို ကိုင်တွယ်ပြီး
● အမှိုက်များကို ကိုင်တွယ်ပြီး
လက်ဆေးခြင်းဟာ ကိုဗစ်ရောဂါသာမက အခြားကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးနိုင်တဲ့အတွက် အမြဲမွေးမြူသွားသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























