လက်ဖက်ရည် ကြိုက်သူများ သတိထားဖို့
လက်ဖက်စိမ်းမှာ ဆိုးကျိုးမယ်မယ်ရရ မရှိပေမယ့် အောက်ပါအချက်တွေကို သတိထားသင့်ပါတယ်။
● ကဖိန်း ဓာတ်မတည့်ခြင်း : ကဖိန်းနဲ့ မတည့်သူတွေမှာ ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ပျို့အန်ခြင်းနဲ့ ဗိုက်နာခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
● သွေးကြဲသူများ : သွေးကြဲဆေး သောက်နေရသူတွေမှာ လက်ဖက်စိမ်းကို သတိထား သောက်သင့်ပါတယ်။ လက်ဖက်စိမ်းမှာ ဗီတာမင် K ဓာတ် ပါဝင်တာကြောင့် ဖြစ်ပါတယ်။ လက်ဖက်စိမ်းရော၊ အက်စပရင် အကိုက်အခဲပျောက်ဆေးရောမှာ သွေးကြဲဆေးအာန်ိသင်ကို လျော့နည်းစေနိုင်တဲ့ အစွမ်းရှိတဲ့အတွက် သွေးကြဲဆေးသောက်သူတွေမှာ ရှောင်ကြဉ်သင့်ပါတယ်။
● အခြားစိတ်ကြွဆေးများ : စိတ်ကြွဆေးတစ်မျိုးမျိုးနဲ့ တွဲသောက်ပါက သွေးပေါင်တက်ခြင်း၊ ရင်တုန်ခြင်းများ ဖြစ်တတ်ပါတယ်။
လက်ဖက်စိမ်း ဖြည့်စွက်စာတွေထဲမှာ အခြားဆေးဖက်ဝင်အရွက်တွေ၊ အားဆေးတွေ၊ ဆေးတွေနဲ့ ဓာတ်ပြုနိုင်တဲ့ပစ္စည်းတွေ ပါတတ်ပါတယ်။
လက်ဖက်စိမ်း ဖြည့်စွက်စာတွေဟာ FDA အသိအမှတ်ပြု လက်မှတ်မပါတတ်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ သွေးတိုးနှလုံးရောဂါရှိသူများ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါရှိသူများ၊ အစာအိမ်အနာနဲ့ စိတ်ပူပန်တတ်သူတွေမှာ လက်ဖက်စိမ်း ဖြည့်စွက်စာတွေ မသောက်သုံးသင့်ပါဘူး။
Dr. Mya Phoo Ngon (www.drmyanmar.com)






























