/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်မောင်းတွေ-နာတဲ့အခါ-လုပ်သင့်တာလေးတစ်ခု

လက်မောင်းတွေ နာတဲ့အခါ လုပ်သင့်တာလေးတစ်ခု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လေ့ကျင့်ခန်း လုပ်ဖူးလုပ်စမရှိဘဲ အပြင်းအထန်လုပ်တဲ့အခါ အလေးအပင်မရင်း တစ်ခုခု ဒဏ်ပိတဲ့အခါ လက်မောင်းတွေ အထိမခံနိုင်အောင် နာလာတတ်ပါတယ်။ ဈေးကြီးပေးရတဲ့ Spa တွေ၊ အနှိပ်ခန်းတွေ သွားမယ့်အစား အိပ်တွင်းမှာပဲ စရိတ်သက်သာတဲ့ ကိုယ်ပိုင်အနှိပ်လေးနဲ့ သက်သာအောင် နှိပ်ကြည့်ရအောင်။ ကြွက်သားဒဏ်နဲ့ ကြွက်သားထုံးတဲ့နေရာတွေက တော်ရုံတော့ ပြေမသွားပါဘူး။ ဒါပေမဲ့ အနာကို အထိုက်အလျောက် သက်သာအောင်တော့ လုပ်လို့ရတယ်လေ။

1.       ဖယောင်းတိုင်လေး ထွန်းလိုက်ပါ။

2.       သက်သောင့်သက်သာ နားလိုက်ပါ။

3.       နာတဲ့နေရာလေးကို ဆီနွေးနွေးလေး လိမ်းလိုက်ပါ။

4.       လက်ဖဝါးရယ်၊ လက်ချောင်းလေးတွေရယ် သုံးပြီး ညင်ညင်သာသာ နှိပ်နယ်ပေးလိုက်ပါ။

5.       တစ်ခါနှိပ်ရင် ၂ မိနစ်ခန့်နဲ့ နာရီဝက်တစ်ခါ သုံးလေးခါခန့် ပွတ်သတ်ပြီး ဖွဖွရွရွလေး နှိပ်ပေးနိုင်ပါတယ်။

 

          သိပ်နာနေတဲ့နေရာတွေကို ကွက်ရှောင်ပြီး ပတ်ဝန်းကျင်ကိုဝိုင်းပြီး နှိပ်ပေးရမှာပါ၊

          တစ်ရက်ကို သုံးလေးကြိမ်ခန့်နဲ့ နေ့စဉ်အလုပ်အနေနဲ့ လုပ်သွားတဲ့အခါ လျင်မြန်စွာ ပျောက်ကင်းသွားတဲ့သာဓကတွေ ရှိဖူးပါတယ်။

          တစ်ပတ်လောက် သက်သာသွားပြီး ပြန်ပေါ်လာတတ်တဲ့အနာတွေကျ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုလေ့ရှိပါတယ်။

●        နှိပ်နယ်တဲ့အခါ ရှေ့ပိုင်းက ကြွက်သားကနေ စပါ။

●        လက်ဝါးနဲ့ လက်ညှိုးသုံးပြီး ခွက်ပုံစံ ဝိုင်းပြီး နှိပ်ပေးပါ။

●        အလယ်တည့်တည့်ကိုတော့ လက်ညှိုးလေးတွေသုံးပြီး နှိပ်နယ်ပေးပါ။

●        တံတောင်ဆစ်ကို ကွေးလိုက်၊ ဆန့်လိုက် လုပ်ပါ။

●        နှိပ်နေတဲ့လက်ချောင်းလေးတွေကို ပုံစံမျိုးစုံ လှုပ်ရှားပြီး အနာဆုံးနေရာကို ရှာကြည့်ပါ။

●        တွေ့တာနဲ့ အဲဒီနေရာကို အသာလေးဖိနှိပ်ရင်း တံတောင်ဆစ်ကို ကွေးချည်၊ ဆန့်ချည် လှုပ်ရှားပါ။

●        အောက်ပိုင်းကို ဆင်းလာပြီး တံတောင်ဆစ်အထက်နားကို လက်မလေးနဲ့ ဖိနှိပ်လိုက်ပါ။ လက်မကို ဘယ်မှညာ ရွေ့လျားပါ။

●        ရှေ့ပြီးရင်နောက်ကို ရောက်ပါပြီ။ လက်မောင်းနောက်က ကြွက်သား အကြီးကြီး ရှိပါတယ်။

●        ထိုင်ခုံပေါ် ထိုင်ချလိုက်ပါ။ တံတောင်ဆစ်ထိပ်ကနေ အောက်ထိ အသာလေး ပွတ်ဆွဲချပါ။ လက်ချောင်းတွေကို တံတောင်ဆစ်ရှေ့မှာ တင်လိုက်ပါ။ ညင်ညင်သာ ပွတ်ဆွဲလိုက်ပါ။

●        အဲဒီနေရာရဲ့အနောက်ကို လက်ညှိုးလေးနဲ့ ထိပါ။ လက်မကို အပေါ်အောက် တွန်းဆွဲကြည့်ပါ။  ဖိပြီးလက်မလေးကို ဆုတ်ချည်ကြွချည် လှုပ်ရှားပါ။ သင့်ရဲ့လက်မောင်းကို အမှန်တကယ် တင်းမာစေတဲ့နေရာကို သင်က နှိပ်နယ်ပေးနေတာ ဖြစ်ပါတယ်။

●        အကျႌဝတ်တဲ့အခါ ပေါ်နေတဲ့ လည်ပင်းရိုးကို အသာလေးဖိပြီး လက်ညှိုးလေးတွေနဲ့ ဖိလိုက် ကြွလိုက် နှိပ်နယ်ပေးပါ။

●        နောက်ပြီး ပခုံးကို ဆက်နှိပ်ရအောင်။

          ပခုံးထိပ်နဲ့ လည်ပင်းကြားနေရာကို ဂုတ်သားလို့ ခေါ်ပါတယ်။ အဲဒီနေရာကို လက်ချောင်းလေးတွေသုံးပြီး လက်ဝါးနဲ့ဖိကာ အသာအယာ ဆက်လက် နှိပ်နယ်ပေးပါ။

          အပေါ်က ပြခဲ့တဲ့နေရာတွေဟာ သင့်ရဲ့လက်မောင်းအုံ အပေါ်ပိုင်းကို တင်းကြပ်နာကျင်စေတဲ့ ကြွက်သားနေရာတွေ ဖြစ်ပါတယ်။ လက်မောင်းအိုးနာတိုင်း အဲဒီနေရာလေးတွေကို တစ်ဆင့်ပြီးတဆင့် ကိုယ်တိုင်နှိပ်နယ်ပေးခြင်းဖြင့် နာကျင်မှုတွေ ဝေးဝေးပြေးပြီး ကြွက်သားတွေ ပြေလျော့သွားကာ နေကောင်းထိုင်သာ ရှိလာမှာ အသေအချာပါပဲ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)