/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်သန့်ဆေးရည်တွေက-covid-19-ကို-ကာကွယ်တဲ့နေရာမှာ

လက်သန့်ဆေးရည်တွေက Covid-19 ကို ကာကွယ်တဲ့နေရာမှာ ဘယ်လောက်အကျိုးပြုသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Covid-19 ကပ်ကြီး ပေါ်ပေါက်လာတဲ့ကာလမှာ လူတိုင်းနှင့် အရင်းနှီးဆုံး ဖြစ်လာတဲ့ပစ္စည်းများတွင် Hand Sanitizer များက ထိပ်ဆုံးက ပါဝင်လာပါတယ်။ ဒါကြောင့် အခုဆိုရင် စတိုးဆိုင်၊ စူပါမားကတ်နှင့် ကုန်စုံဆိုင် အသေးလေးတွေမှာကအစ လက်သန့်ဆေးရည်များကို မရှိမဖြစ် နေရာယူ ရောင်းချနေကြတာ အားလုံးအသိပါပဲ။ ဒီလက်သန့်ဆေးရည်တွေဟာ ပိုးမွှားတွေကို သေစေနိုင်တာ မှန်သော်ငြားလည်း အဆင်ပြေပါက ရေနှင့်ဆပ်ပြာကို အသုံးပြုပြီးသာ လက်ကို ဆေးကြောသင့်တာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင်တော့ လက်ဆေးခြင်းဟာ လက်သန့်ဆေးရည် (Hand Sanitizer) များထက် ပိုမိုထိရောက်မှုရှိလို့ပါ။ ရေနဲ့ ဆပ်ပြာ မရနိုင်တဲ့အခြေအနေမှာတော့ လက်သန့်ဆေးရည်ကို အသုံးပြုဖို့ လိုပါတယ်။
ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) ရဲ့ ပြောကြားချက်အရ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ကာကွယ်ပေးတာကတော့ လက်ကို ရေနှင့်ဆပ်ပြာ အသုံးပြုပြီး မှန်ကန်သော လက်ဆေးနည်းဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောပေးခြင်းပဲ ဖြစ်ပါတယ်။
ကျွန်မတို့ လုပ်နေတဲ့အမှားတစ်ခုကတော့ လက်ကို ဆပ်ပြာဖြင့် ဆေးမည့်အစား လက်သန့်ဆေးရည်ဖြင့် အလွယ်တကူ ပွတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လက်သန့်ဆေးရည်တွေဟာ တုပ်ကွေးဖြစ်စေသော Influenza A၊ ဝမ်းပျက်ဝမ်းလျှောဖြစ်စေသော C.difficile တို့ကို လက်ဆေးခြင်းလောက် ထိရောက်စွာ ကာကွယ်နိုင်ခြင်း မရှိပါဘူး။
●  ယခုဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း လက်ဆေးခြင်းဖြင့်သာ အဓိကကာကွယ်ဖို့ CDC က ညွှန်ကြားထားပါတယ်။

>>  လက်သန့်ဆေးရည်ကို ဘယ်အချိန်မှာ အသုံးပြုမလဲ?
●  ရေနှင့်ဆပ်ပြာ အလွယ်တကူမရနိုင်တဲ့ နေရာများမှာဆိုရင် အယ်ကိုဟောပါဝင်မှု အနည်းဆုံး ၆၀ ရာနှုန်း ရှိသော လက်သန့်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။
●  အပြင်သွားစဉ်၊ ခရီးသွားစဉ်များနှင့် အလုပ်သို့သွားတဲ့အခါ အိတ်ဆောင်လက်သန့်ဆေးရည်များကို ယူဆောင်အသုံးပြုနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)