/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်-အဆစ်ရောင်ခြင်းကို-ကုသပေးနိုင်သော-လေ့ကျင့်ခန်းများ

လက် အဆစ်ရောင်ခြင်းကို ကုသပေးနိုင်သော လေ့ကျင့်ခန်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လက်လှုပ်ရှားမှု အားကောင်းစေဖို့၊ သန်မာစေဖို့နဲ့ နာကျင် ကိုက်ခဲခြင်းတို့အတွက် လက်လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။

 

•       လက်သီးဆုပ် လေ့ကျင့်ခန်း

          လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပေမယ့် လက်ရောင်ရမ်း တောင့်တင်းပြီး နာကျင်နေချိန်မှာ လက်သီးလေး ဆုပ်တာကတောင်မှ ခက်ခဲနိုင်ပါတယ်။ လက်သီးကို ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်ကြည့်ပါ။ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးတင်းတင်းဆုပ်ပါ။

 

•       လက်ချောင်း ကွေးခြင်း

          လက်ကို ကျယ်ကျယ်ဖြန့်ထားပြီး တစ်ကြိမ်ကို လက်တစ်ချောင်းကွေးပါ။ စက္ကန့် အနည်းငယ်ထားပြီး ပြန်ဆန့်ပါ။

 

•       လက်မ ကွေးခြင်း

          လက်မကို စက္ကန့်အနည်းငယ် ကွေးထားပါ။ ပြီးမှ ပြန်ဆန့်ပါ။ ကွေးလိုက် ဆန့်လိုက် လုပ်ပေးပါ။

 

•       ' O ' ပုံစံ လုပ်ပါ။

          လက်ဖြန့်ထားပါ။ လက်ချောင်းများနှင့် လက်ကိုကွေးပြီး ' O ' ပုံစံ ရအောင်လုပ်ပါ။ ခဏထားပြီး ပြန်ဆန့်ပါ။ ထပ်ခါ ထပ်ခါ လုပ်ပါ။

 

•       ' L ' ပုံစံ ပြုလုပ်ပါ။

          လက်သန်းကို အောက်ဘက်မှာထားပြီး စားပွဲပေါ်တွင် လက်ဝါးကို ဘေးတိုက် တင်ထားပါ။ လက်မကို အပေါ်ထောင်ထားပါ။ လက်မကို အပေါ်ထောင်လျက်ထားပြီး ကျန်လက်ချောင်းများကို အတွင်းဘက်သို့ ကွေးပြီး L ပုံစံ ဖြစ်ပါစေ။ ဒီပုံစံအတိုင်း စက္ကန့်အနည်းငယ် ထားပြီးမှ လက်ချောင်းများကို ပြန်ဖြေလျှော့ပါ။ ဒီအတိုင်း ထပ်လုပ်ပါ။

 

•       လက်ချောင်း ပင့်တင်ခြင်း

          စားပွဲပေါ် လက်ကိုမှောက်ပြီး တင်ထားပါ။ လက်မမှ စပြီး လက်ချောင်းတစ်ချောင်းစီကို တစ်ကြိမ်လျှင် တစ်ချောင်းစီ စားပွဲပေါ်မှ ကြွအောင် မတင်ပါ။ စက္ကန့် အနည်းငယ်ထားပြီမှ ပြန်ချပါ။

 

•       လက်ကောက်၀တ် လေ့ကျင့်ခန်း

          လက်ကို မှောက်လျက် ရှေ့ဆန့်ထုတ်ပါ။ လက်ကောက်၀တ်ကို အောက်ကို ကွေးချပါ။ ပိုတင်းစေလိုပါက ကျန်လက်တစ်ဖက်ဖြင့် လက်ကောက်၀တ်ကို ဖိချပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)