/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ချောင်းနာနေရင်-ဂျင်းလက်ဖက်ရည်ဖျော်သောက်ပါ

လည်ချောင်းနာနေရင် ဂျင်းလက်ဖက်ရည်ဖျော်သောက်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            ဂျင်းဟာ မှိုပိုး၊ ဘက်တီးရီးယားပိုးနဲ့ အခြားသောပိုးမွှားတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ လည်ချောင်းနာနေသူများအနေနဲ့ လက်ဖက်ရည် တစ်ဇွန်းစာ ဒါမှမဟုတ် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာခန့် ဂျင်းပမာဏကိုရေနွေးဆူဆူထဲမှာထည့်ပြုတ်ပြီး တစ်နေ့ သုံးကြိမ်သောက်ပေးပါက လည်ချောင်းနာသက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ဂျင်းဖြင့်ဖော်စပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေးရည်သောက်ပေးပါကလည်း လည်ချောင်းနာခြင်းအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

 

ဂျင်းလက်ဖက်ရည် မသောက်သင့်သူများ

 

          လူအများစုအနေနဲ့ ဂျင်းလက်ဖက်ရည်ကို ယုံကြည်စိတ်ချစွာ သောက်သုံးလို့ရနိုင်ပေမယ့် ဂျင်းပမာဏများများစားသုံးမိပါက ကိုယ်၀န်ဆောင်များတွင် သားပျက်သားလျှောဖြစ်နိုင်ခြေများတာကြောင့် ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ဂျင်လက်ဖက်ရည်သောက်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် သည်းခြေကျောက်တည်နေသူ၊ သွေးမတိတ်ရောဂါရှိသူတွေနဲ့ ခွဲစိတ်မှုခံယူရမယ့်သူများအနေနဲ့ ဂျင်းလက်ဖက်ရည်ကိုမသောက်သင့်ပါဘူး။ ဂျင်းဟာအချို့သောဆေးဝါးအာနိသင်ကို ပျက်ပြယ်စေနိုင်တာကြောင့် နာတာရှည်ရောဂါတစ်မျိုးမျိုးရှိလို့ ဆေးဝါးမှီ၀ဲနေရသူတွေအနေနဲ့ ဂျင်းလက်ဖက်ရည်ကို ဆရာ၀န်နဲ့တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်။

 

CMS

www.drmyanmar.com