လည်ချောင်းအတွင်း ပြည်တည်နာ
အာသီးဘေးမှာ ပြည်တည်တာတာဟာ ဦးခေါင်းနဲ့လည်ပင်း ပိုးဝင်တာရဲ့ အဖြစ်များဆုံးရောဂါတစ်ခုပါ။ အာသီးရောင်တာနဲ့ မတူဘဲ လူကြီးတွေမှာ အဖြစ်များပြီး ရောဂါပိုးခြင်းလည်း မတူပါဘူး။
ယောကျ်ားလေးရော မိန်းကလေးရော ဖြစ်နိုင်ပါတယ်။
>> ဖြစ်ရတဲ့အကြောင်းအရင်းတွေ
အာသီးရဲ့တစ်သျှူးတွေ ပြည်တည်တာ၊ အာသီးဖြတ်ထားတဲ့ လူတွေဆိုလည်း ကျန်ခဲ့တဲ့တစ်သျှူးတွေမှာ ပြည်တည်တာဖြစ်ပြီး ဘေးကိုပါ ပျံနှံ့တတ်ပါတယ်။
ခံတွင်းထဲ ရောဂါပိုးဝင်ရင်လည်း ဖြစ်တတ်ပါတယ်။ အဲဒီနေရာကို ထိခိုက်ဒဏ်ရာရတာ၊ ပြင်ပက အရာဝတ္ထုတွေဝင်တာ၊ တီဘီနဲ့ ကာလသားရောဂါပိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
နောက်ပြီး အာသီးဖြတ်ထားရင်လည်း ဒီနေရာက ရောဂါပိုးကို တုံ့ပြန်မယ့် ကိုယ်ခံအားစနစ်က အားနည်းသွားပြီး ရောဂါပိုး ဝင်ရောက်တာ ပိုပြီးဖြစ်စေပါတယ်။
>> လက္ခဏာတွေ
ဖျားမယ်၊ လည်ချောင်းနာမယ်၊ နာလို့ ပါးစပ်ပါ မဖွင့်နိုင်ဖြစ်မယ်။ အသံလည်း အက်အက်ကြီး ဖြစ်မယ်။ ပြည်တည်နာဖြစ်တဲ့ဘက်က နာလည်း နာမယ်။ တံတွေးမျိုရင်တောင် နာနေပါလိမ့်မယ်။
>> ရောဂါရှာဖွေပြီး ကုသရမယ့်နည်းတွေ
ရောဂါ ရာဇဝင်မေးပြီး စမ်းသပ်ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ဖြစ်တဲ့နေရာက ရောင်ရမ်းပြီး နီရဲနေပါတယ်။ အာခေါင်ကလည်း ရောင်ရမ်းနေပြီး အာသီးနှစ်ခုကြားက အသားတွဲလေးကလည်း ရောင်တဲ့ဘက်ရဲ့ ပြောင်းပြန်ကို ရွေ့နေပါလိမ့်မယ်။
မသေချာရင် ခံတွင်းထဲကို တီဘီဓာတ်မှန် ရိုက်ကြည့်လို့ရပြီး ၉၀% လောက် တိကျပါတယ်။ ပါးစပ်ဖွင့်လို့ မရရင် အပြင်ကနေ ရိုက်လို့ရပါတယ်။
ပထမဆုံး ရောဂါပိုး တော်တော်များများကိုနိုင်တဲ့ ပိုးသတ်ဆေး ပေးရပါမယ်။ နာတာ၊ ရောင်တာတွေ သက်သာဖို့၊ မြန်မြန်ကောင်းဖို့ စတီးရွိုက်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားစနစ်ကို ကျစေတာကြောင့် သတိထားရပါတယ်။
တိတိကျကျ ရောဂါရှာဖွေနိုင်တာကတော့ ပြည်ဖြစ်တဲ့နေရာကို စုပ်ပြီး ပိုးရှာဖွေတာပဲ။ ရောဂါသိနိုင်သလို နာတာလည်း သက်သာစေပါတယ်။
တချို့လူနာတွေမှာ စစဖြစ်ချင်းမှာပဲ အာသီးကို ဖြတ်လိုက်တာမျိုး ရှိပါတယ်။ ဒါက ဖြစ်ပြီး ၃၊ ၄ လ ကြာမှ လုပ်တာမျိုးထက် ပိုပြီးမြန်မြန်ကောင်းစေပါတယ်။ နောက်ပြီး ပြန်ပြရတာ၊ ထပ်ဖြစ်တာမျိုးလည်း မရှိစေဘဲ ချက်ချင်းသက်သာစေပါတယ်။
ဒါပေမဲ့ အရမ်းလွန်လွန်ကျူးကျုး ကုသသလို ဖြစ်တယ်ဆိုပြီး သိပ်မလုပ်ကြပါဘူး။ လူနာ တော်တော်များများက ပြည်ကို ဖောက်ထုတ်လိုက်ရုံနဲ့ လုံးဝပျောက်ကင်းသွားလို့ပါ။
၉-၂၂% လောက်မှာတော့ ပြန်ဖြစ်တတ်ပြီး သွားနဲ့ ခံတွင်းရောဂါရှိသူတွေ၊ သွားကို ပြုပြင်ထားသူတွေ၊ အာသီး ခဏခဏရောင်တတ်တဲ့ လူတွေမှာ အဖြစ်များပါတယ်။
Dr. Htar (www.drmyanmar.com)






























